- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဗုံးခွဲခံရသည့် ကရိုင်းမီးယားတံတားကို ၂၀၂၃ ဇူလိုင် အပြီးဆောက်ရန် မော်စကို ညွှန်ကြား
ဖျက်ဆီးခံလိုက်ရသည့် ကရိုင်းမီးယားတံတား၏ ကုန်သွယ်ရေးနှင့် ဆောက်လုပ်မှုပုံစံ ဒီဇိုင်းများ ပြန်လည်ပြုပြင်ရေးကို သတ်မှတ်ကာလအတွင်း အပြီးဆောက်လုပ်ရန် ဝန်ကြီးချုပ် မီခေးမိရှုစတင်၏ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ညွှန်ကြားလွှာ၌ ဖော်ပြထားသည်။
17 Oct 2022

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ပေါက်ကွဲခဲ့သည့် ဗုံးဒဏ်ကြောင့် ကရိုင်းမီးယားတံတားတွင် ပျက်စီးသွားသည့်နေရာ။ ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၇
ပြီးခဲ့သောသီတင်းပတ်၌ ဗုံးခွဲခံရပြီးနောက် ပျက်စီးသွားသည့် ကရိုင်းမီးယားတံတားအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ကို နောက်ဆုံးထား၍ အပြီးဆောက်လုပ်ရန် ဆောက်လုပ်ရေးတာဝန်ခံထားသည့် ကုမ္ပဏီအား ရုရှားအစိုးရအဖွဲ့က ညွှန်ကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖျက်ဆီးခံလိုက်ရသည့် ကရိုင်းမီးယားတံတား၏ ကုန်သွယ်ရေးနှင့် ဆောက်လုပ်မှုပုံစံ ဒီဇိုင်းများ ပြန်လည်ပြုပြင်ရေးကို သတ်မှတ်ကာလအတွင်း အပြီးဆောက်လုပ်ရန် ဝန်ကြီးချုပ် မီခေးမိရှုစတင်၏ လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ညွှန်ကြားလွှာ၌ ဖော်ပြထားသည်။
ပြီးခဲ့သောသီတင်းပတ်၌ ကရိုင်းမီးယားတံတားပေါ်၌ ဗုံးပေါက်ကွဲခဲ့မှုအပေါ် ရုရှားသမ္မတပူတင်က အကြမ်းဖက်လုပ်ရပ်တစ်ခုဟု သတ်မှတ်ပြောဆိုခဲ့သည်။ ပေါက်ကွဲမှုအတွက် လက်တုံ့ပြန်မှုအဖြစ်လည်း ယူကရိန်းနိုင်ငံတွင်းရှိ မြို့ကြီးများအား ဒုံးကျည်များဖြင့် နှစ်ရက်ကြာပစ်ခတ်ခဲ့သည်။
အဆိုပါဒုံးကျည်များကြောင့် ယူကရိန်းတွင် စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ ပျက်စီးမှုများရှိခဲ့ကာ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် သောက်သုံးရေထောက်ပံ့ရေးစနစ်များလည်း ထိခိုက်ခဲ့သည်။
ကရိုင်းမီးယား တံတားသည် ရုရှားတို့အတွက် ယူကရိန်းစစ်ပွဲတွင် အဓိကကျသော လမ်းကြောင်းတစ်ရပ်ဖြစ်ကာ ရုရှားတို့ သိမ်းပိုက်ထားသည့် ကရိုင်းမီးယားကျွန်းဆွယ်နှင့် ယူကရိန်းနိုင်ငံကို ဆက်သွယ်ပေးထားသည့် တစ်ခုတည်းသော တံတားဖြစ်သည်။
ရုရှားစစ်တပ်သည် ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားစစ်သည်များအတွက် စစ်ရေးအကူအညီများကို အဆိုပါလမ်းကြောင်းပေါ်မှ အဓိက ပို့ဆောင်နေခြင်းဖြစ်သည်။