- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ကိုရိုနာတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၈.၃ ဘီလျံ အမေရိကန်အစိုးရ သုံးမည်
ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးပေါ် ဒေါ်လာ ၈.၃ ဘီလျံ သုံးစွဲမည့် ဥပဒေတစ်ရပ်အား အမေရိကန်လွှတ်တော်တွင် ကြာသပတေးနေ့၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Mar 2020

ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အရေးပေါ် ဒေါ်လာ ၈.၃ ဘီလျံ သုံးစွဲမည့် ဥပဒေတစ်ရပ်အား အမေရိကန်လွှတ်တော်တွင် ကြာသပတေးနေ့၌ အတည်ပြုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
လက်ရှိသုံးစွဲမည့် အသုံးစရိတ်သည် လွန်ခဲ့သော ၁၀ ရက်ခန့်က အိမ်ဖြူတော်က အကြမ်းဖျင်းသတ်မှတ်ထားသည့် ရန်ပုံငွေထက် သုံးဆခန့် ပိုမိုသုံးစွဲထားသည်။ အိမ်ဖြူတော်က ကနဦး လျာထားသော အသုံးစရိတ်မှာ ဒေါ်လာ ၂.၅ ဘီလျံဖြစ်သည်။ ယခုဥပဒေအား သမ္မတထရမ့်က လက်မှတ်ရေးထိုးပြီး အတည်ပြုရဦးမည်ဖြစ်သည်။
ယခုဥပဒေအရ ဗဟိုအစိုးရက ပြည်သူ့ကျန်းမာရေးအေဂျင်စီများအား လိုအပ်သည့် ကုသမှုများနှင့် ဆေးဝါးများအတွက် ငွေကြေးထောက်ပံ့မည်ဖြစ်သလို ကူးစက်မှုအား ကာကွယ်ရန်အတွက် လိုအပ်သည့် အကူအညီများကိုလည်း ဗဟိုအစိုးရနှင့် ဒေသန္တရအစိုးရများအား ကူညီထောက်ပံ့သွားမည်ဖြစ်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအား ဇန်လဝါရီလတွင် စတွင်တွေ့ရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ပထမဆုံးလူနာတစ်ဦး သေဆုံးခဲ့သည်။ လက်ရှိအချိန်၌ ပြည်နယ် ၁၅ ခုအထိ ကူးစက်ပျံ့နှံ့သွားပြီဖြစ်သည်။
နိုင်ငံတစ်ဝန်း သေဆုံးသူစုစုပေါင်း ၁၂ ဦး၊ ကူးစက်ခံထားရသူ ၇၀ ကျော်သွားပြီဖြစ်ကြောင်း အစိုးရက ကြာသပတေးနေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။ အေအက်ဖ်ပီသတင်းဌာနကမူ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀ ထက်မနည်းရှိနိုင်ကြောင်း ၎င်းတို့ရရှိထားသည့် စာရင်းများကို ကိုးထားကာ ရေးသားဖော်ပြထားသည်။
ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၈၆ နိုင်ငံအထိ ပျံ့နှံ့နေပြီဖြစ်ကာ ကူးစက်မှုပေါင်း တစ်သိန်းနီးပါး၊ သေဆုံးသူ စုစုပေါင်း ၃၃၀၀ ဦးရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဆက်စပ်သတင်းများ -
■ အမေရိကန်ဆေးရုံများ၌ ကိုရိုနာကူးစက်လူနာ ၉၆ သန်းအထိ ကုသပေးနိုင်အောင် ပြင်ဆင်
■ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စမ်းသပ်သုံးစွဲဖို့ အသင့်ဖြစ်ပြီ
■ ဝူဟန်ဗိုင်းရပ်စ်ကူးစက်မှု မည်မျှအထိ ဆိုးဝါးလာနိုင်သနည်း