- လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံအချို့ အိန္ဒိယသို့ ပြောင်းရွှေ့နေထိုင်
- ရခိုင် ရေပိုင်နက်ထဲသို့ ခိုးဝင်ငါးဖမ်းသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၀ ကျော်ကို AA ဖမ်းဆီးထား
- ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ် ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခရှိနေ၍ လူထုအန္တရာယ် များနိုင်
- ပူတင်နှင့် ကင်ဂျုံအန်း တရုတ်စစ်ရေးပြပွဲ တက်မည်
- ဖားကန့်ဒေသခံများကို စစ်ကောင်စီ ပေါ်တာဆွဲနေ
AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
ရှင်မဖြူကျွန်းအနီး နတ်မြစ်ရေပြင်တွင် မေလ ၁၂ ရက်နေ့က ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦးအား အာရက္ခတပ်တော်က ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 May 2025

DMG ၊ မေ ၁၃
ရှင်မဖြူကျွန်းအနီး နတ်မြစ်ရေပြင်တွင် မေလ ၁၂ ရက်နေ့က ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦးအား အာရက္ခတပ်တော်က ပစ်ခတ်ခဲ့သည့်အတွက် သေနတ်ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
"ဒီနေ့ မွန်းတည့်ပိုင်းက နတ်မြစ်ထဲမှာ ငါးဖမ်းနေသူနှစ်ဦးကို အာရက္ခတပ်တော်က ပစ်ခတ်ခဲ့ပါတယ်။ ဖြစ်စဉ်အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပါ" ဟု တက္ကနာ အုပ်ချုပ်ရေးအရာရှိ ရှိတ်အာဆန်အူဒင်က ပြောကြားသည်။
ဒဏ်ရာရသူနှစ်ဦးမှာ အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသား နှစ်ဦးဖြစ်ပြီး ဒူးခေါင်းနှင့် ခြေထောက်တို့တွင် ကျည်ထိမှန်ခဲ့သည့်အတွက် ကော့ဘဇား အထွေထွေဆေးရုံကြီး၌ ကုသမှု ခံယူနေရသည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
မေလ ၁၂ ရက်နေ့ တစ်ရက်တည်း၌ နတ်မြစ် နောက်တစ်နေရာ၌လည်း အာရက္ခတပ်တော်သည် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြထားသည်။
"ဒီဖြစ်စဉ်ကို ကျွန်တော်လည်း ကြားသိထားပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်းမှာ ဒီဧရိယာအတွင်း ကျွန်တော်တို့လည်း မူးယစ်ဆေးတွေ အများအပြား ဖမ်းမိတာတွေ ရှိနေတော့ အခုဖမ်းခံရသူတွေဟာ ငါးဖမ်းသမားလား၊ မူးယစ်မှောင်ခိုတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး" ဟု တက္ကနာ အထူးရဲတပ်ရင်း အမှတ် (၂) ၏ ဗိုလ်ကြီး အာရှစ်ကာရာမန်က ပရိုသော်မ်အာလို သတင်းဌာနသို့ ဖြေကြားထားသည်။