- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရုရှားသည် ပြည်ပရန်ကိုကာကွယ်ရန် မျိုးဆက်သစ်လက်နက်များ တိုးမြှင့်ထုတ်လုပ်နေကြောင်း သမ္မတဟောင်းပြော
ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့မှ ရန်သူများကို ကာကွယ်ရန်အတွက် ရုရှားသည် မျိုးဆက်သစ်လက်နက်များ ထုတ်လုပ်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ရုရှားသမ္မတဟေင်း ဒီမိထရိမက်ဗီဒက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
13 Dec 2022
ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၁၃
ဥရောပ၊ အမေရိကန်နှင့် သြစတြေးလျတို့မှ ရန်သူများကို ကာကွယ်ရန်အတွက် ရုရှားသည် မျိုးဆက်သစ်လက်နက်များ ထုတ်လုပ်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်း ရုရှားသမ္မတဟေင်း ဒီမိထရိမက်ဗီဒက်က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ဖျက်ဆီးနိုင်အား အမြင့်ဆုံး လက်နက်တွေကို ကျွန်တော်တို့ တိုးမြှင့်ထုတ်လုပ်နေပါတယ်။ ဒီအထဲမှာ နည်းပညာသစ်တွေပေါ်မှာ အခြေခံထားတဲ့ လက်နက်တွေလည်း ပါဝင်ပါတယ်” ဟု မက်ဒီဗက်က တယ်လီဂရမ်တွင် ပြောကြားထားသည်။
မက်ဒီဗက်သည် လက်ရှိတွင် ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
မိမိတို့၏ ရန်သူများသည် ကီယက်ဗ်တစ်ခုတည်းတွင်သာ ရှိနေသည်မဟုတ်ဘဲ ဥရောပ၊ မြောက်အမေရိက၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် နာဇီကိုးကွယ်သည့် အခြားနေရာ အများအပြားတွင် ရှိနေကြကြောင်း သူကဆိုသည်။
ယူကရိန်းကို ရုရှားတို့ကျူးကျော်ပြီးနောက်ပိုင်း မကြာခဏဆိုသလို မက်ဒီဗက်သည် ဆိုရှယ်မီဒီယာပေါ်၌ ပွဲဆူစေသည့် အရေးအသားများ ဖော်ပြလေ့ရှိသည်။ထုတ်လုပ်နေသည်ဆိုသော လက်နက်များနှင့် ပတ်သက်၍မူ မက်ဒီဗက်က အသေးစိတ် ပြောကြားခြင်းမရှိပေ။
ရုရှားသည် လက်ရှိ ဒုံးကျည်ကာကွယ်ရေး စနစ်များအားလုံးကို ကျော်လွှားနိုင်သည့် အသံထက်မြန်သော ဟိုက်ပါဆိုးနစ် လက်နက်များ အပါအဝင် လက်နက်အမျိုးအစားသစ် အများအပြားကို စမ်းသပ်နေကြောင်း သမ္မတ ဗလာဒီမာပူတင်က မကြာခဏဆိုသလို ပြောကြားလျက်ရှိသည်။
ရုရှားဒုံးကျည်များနှင့် ဟိုက်ပါဆိုးနစ် စနစ်များသည် အမေရိကန်တို့ ပိုင်ဆိုင်ထားသည်ထက် ပိုခေတ်မီပြီး ပိုထိရောက်ကြောင်းလည်း ပူတင်က ပြောကြားထားသည်။