- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဖင်လန်ဝန်ကြီးချုပ် သီဆိုကခုန်နေသည့် ဗီဒီယိုဖိုင် အွန်လိုင်းမှာပျံ့နှံ့
အသက် ၃၆ နှစ်အရွယ် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင် ပျော်ပါးကခုန်နေသည့် ဗီဒီယိုဖိုင် တစ်ဖိုင် ဆိုရှယ်မီဒီယာပေါ်တွင် ထွက်ပေါ်လျက်ရှိပြီး အဆိုပါဖိုင် ပျံ့နှံ့နေသည့်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဝန်ကြီးချုပ် ဆန်နာမာရင်က ပြောကြားသည်။
20 Aug 2022
DMG ၊ ဩဂုတ် ၂၀
အသက် ၃၆ နှစ်အရွယ် ဖင်လန်ဝန်ကြီးချုပ် ဆန်နာမာရင် ပျော်ပါးကခုန်နေသည့် ဗီဒီယိုဖိုင် တစ်ဖိုင် ဆိုရှယ်မီဒီယာပေါ်တွင် ထွက်ပေါ်လျက်ရှိပြီး အဆိုပါဖိုင် ပျံ့နှံ့နေသည့်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဝန်ကြီးချုပ် ဆန်နာမာရင်က ပြောကြားသည်။
နှစ်မိနစ်ခန့်ရှည်သည့် အဆိုပါဖိုင်သည် သြဂုတ်လ ၁၇ ရက်နေ့တွင် ဆိုရှယ်မီဒီယာ၌ စတင်ပျံ့နှံ့လာခြင်း ဖြစ်သည်။ ဗီဒီယိုဖိုင်၌ ဆန်နာမာရင်သည် ဒေသခံ သြဇာရှိသူများ၊ အနုပညာရှင်များနှင့်အတူ သီဆိုကခုန်နေသည်ကို တွေ့ရသည်။
အဆိုပါဗီဒီယိုဖိုင်သည် လွန်ခဲ့သည့် သီတင်းပတ်အနည်းငယ်က ပြုလုပ်ခဲ့သည့် သီးခြားတွေ့ဆုံမှုနှစ်ခုကို ပေါင်းထားသည့်ဖိုင်ဖြစ်ကြောင်း ဆန်နာမာရင်က ပြောသည်။
ဗီဒီယိုရိုက်ကူးနေသည်ကို သိရှိသော်လည်း ယခုကဲ့သို့ လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာမည်ဟု မထင်မှတ်ခဲ့ကြောင်း ဆန်နာမာရင်က ပြောသည်။
“ဒီဗီဒီယိုဖိုင်တွေဟာ ကိုယ်ရေးကိုယ်တာဖိုင်တွေသာဖြစ်ပြီး ပုဂ္ဂလိကပိုင်နေရာတွေမှာ ရိုက်ထားတာပါ။ ဒါတွေ အများပြည်သူအကြား ထွက်ပေါ်လာတာကို ကျွန်မ သဘောမကျပါဘူး” ဟု ဝန်ကြီးချုပ်မာရင်က သတင်းထောက်များကို ပြောကြားသည်။
“မာရင်က သဘောရိုးဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူမအနေဖြင့် ယခုလောက်ထိတော့ အယုံမလွယ်သင့်ပေ” ဟု ဟယ်ဆင်ဂင်ဆာနိုမက် သတင်းစာ၏ အယ်ဒီတာအာဘော်တွင် ရေးသားထားသည်။
“ဝန်ကြီးချုပ်သည် အကဲဆတ်သည့် အခြေအနေမျိုး၌ စစ်ရေးဆိုင်ရာ သတင်းအချက်အလက်များအား ဖင်လန်နိုင်ငံကို ထိခိုက်စေလိုသူများထံ ထုတ်ပြောမိနိုင်သည်” ဟု သတင်းစာက ဖော်ပြသည်။
ဆန်နာမာရင်သည် ၂၀၁၉ ခုနှစ်တွင် ဖင်လန်ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ကမ္ဘာ့ အသက်အငယ်ဆုံး အစိုးရခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။