- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
အွန်လိုင်းကြော်ငြာဈေးကွက်အား လက်ဝါးကြီးအုပ်မှုဖြင့် Google ကို အမေရိကန်အစိုးရ တရားစွဲ
Google ကြော်ငြာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် လည်ပတ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရှိခဲ့ပြီး မိခင်ကုမ္ပဏီ Alplabet အတွက် အများဆုံး ဝင်ငွေရှာပေးသည့် လုပ်ငန်းဖြစ်သည်။
25 Jan 2023
ဓာတ်ပုံ - AFP
အမေရိကန်တရားရေးဌာနက Google ကုမ္ပဏီအား အွန်လိုင်းကြော်ငြာဈေးကွက်ကို လက်ဝါးကြီးအုပ်မှုဖြင့် အင်္ဂါနေ့တွင် တရားစွဲဆိုလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်ဗဟိုတရားရေးသည် Google ကပိုင်ဆိုင်သည့် ရှာဖွေရေးအင်ဂျင် (Search Engine) ကိုလည်း တရားစွဲဆိုထားပြီး အဆိုပါအမှုအား ယခုနှစ်နှောင်းပိုင်းတွင် ရုံးတင်စစ်ဆေးမည်ဟု ယူဆရသည်။
ယခု နောက်တစ်ကြိမ်တရားစွဲဆိုရာ၌ Google ၏ အကြီးအကျယ် အမြတ်အစွန်းရနေသည့် ကြော်ငြာလုပ်ငန်းကို ဦးတည်ခြင်းဖြစ်ကာ အခြားကုမ္ပဏီငယ်များအတွက်ပါ လုပ်ကွက်ရစေရန်အတွက် Google ကြော်ငြာလုပ်ငန်းကို လျှော့ချပေးရန် ဦးတည်ခြင်းဖြစ်သည်။
Google ကြော်ငြာလုပ်ငန်းသည် ၂၀၂၁ ခုနှစ်တွင် လည်ပတ်ငွေ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလျံကျော် ရှိခဲ့ပြီး မိခင်ကုမ္ပဏီ Alplabet အတွက် အများဆုံး ဝင်ငွေရှာပေးသည့် လုပ်ငန်းဖြစ်သည်။
“Google ဟာ သူ့ရဲ့ ဒစ်ဂျစ်တယ် ကြော်ငြာနည်းပညာ လက်ဝါးကြီးအုပ်မှုအတွက် အန္တရာယ်ရှိလာတဲ့ အရာတွေကို နှိမ်နင်းရာမှာ ပြိုင်ဘက်ကင်း၊ ပြိုင်ဘက်တွေကို ဖယ်ရှားခြင်းနဲ့ တရားမဝင်လုပ်ရပ်တွေ အသုံးပြုနေပါတယ်” ဟု စွဲဆိုချက်၌ ဖော်ပြထားသည်။
ယခုအမှုကို အမေရိကန်တရားရေးဌာန နှင့်အတူ ကယ်လီဖိုးနီးယား၊ ကော်လိုရာဒို၊ ကွန်နန်တီကက်၊ နယူးဂျာဆီ၊ နယူးယောက်၊ ရုဒ်အိုင်လန်၊ တင်နက်ဆီနှင့် ဗာဂျီးနီးယားပြည်နယ်တို့ ပူးတွဲ တင်သွင်းခဲ့ခြင်း ဖြစ်သည်။