ဟွန်ဒူးရပ်ရှိ မြို့နှစ်မြို့တွင် ရာဝဇတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် ဖွဲ့စည်းပုံဥပဒေပါ အခွင့်အရေးများ ဆိုင်းငံ့

ဟွန်ဒူးရပ်နိုင်ငံရှိ တယ်ဂူစီဂါပါ(Tegucigalpa)နှင့် စန်ပီဒိုဆူလာမြို့တို့တွင် သောင်းကျန်းလျက်ရှိသော လမ်းဘေးရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအချို့ကို ဆိုင်းငံ့ခဲ့ပြီး အဆိုပါဥပဒေသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 07 Dec 2022

ဟွန်ဒူးရပ်ရှိ မြို့နှစ်မြို့တွင် ရာဝဇတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် ဖွဲ့စည်းပုံဥပဒေပါ အခွင့်အရေးများ ဆိုင်းငံ့

ဓာတ်ပုံ - Guardian

DMG | ဒီဇင်ဘာ ၇

ဟွန်ဒူးရပ်နိုင်ငံရှိ တယ်ဂူစီဂါပါ(Tegucigalpa)နှင့် စန်ပီဒိုဆူလာမြို့တို့တွင် သောင်းကျန်းလျက်ရှိသော လမ်းဘေးရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးအချို့ကို ဆိုင်းငံ့ခဲ့ပြီး အဆိုပါဥပဒေသည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုဥပဒေသည် တစ်လကြာ အသက်ဝင်မည်ဖြစ်သော်လည်း လိုအပ်လျှင် လွှတ်တော်အမတ်များက ဆက်လက် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။

ဤဥပဒေအရ အဖွဲ့အစည်းဆိုင်ရာ ရပိုင်ခွင့်၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ ရှာဖွေခွင့်၊ ဖမ်းဆီးခွင့်တို့အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

လုံခြုံရေးဆိုင်ရာ လေ့လာသူ ရာအူးပီနဲဒါးအယ်ဗာရာဒိုက ဟွန်ဒူးရပ်၏ ယခုဥပဒေသည် အယ်ဆာဗေဒိုးနှင့် နှိုင်းယှဉ်လျှင် အားပျော့နေသေးသည်ဟု ဆိုသည်။ အယ်ဆာဗေဒိုးတွင်လည်း သမ္မတနာယစ်ဘူကလေသည် အထူးဖိနှိပ်သည့် လုပ်ရပ်များကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

အယ်ဆာဗေဒိုး၏ လုပ်ရပ်သည် အာဏာရှင်ဆန်သည့် အပြုအမူ ဖြစ်နေသော်လည်း အခြားတစ်ဘက်တွင်မူ သေမှုသေခင်းများ သိသိသာသာပင် ကျဆင်းသွားသည်ဟု အယ်ဗာရာဒိုက ပြောကြားသည်။

“ဟွန်ဒူးရပ်က ဒါကို နမူနာယူပြီး လိုက်လုပ်တာပေါ့လေ”ဟု သူကဆိုသည်။

ဟွန်ဒူးရပ်နိုင်ငံ၌ တယ်ဂူစီဂါပါနှင့် စန်ပီဒိုဆူလာမြို့တို့တွင် ရာဇဝတ်မှုများ အထူးထူပြောလျက်ရှိကာ စန်ပီဒိုဆူလာ၌ဆိုလျှင် Barrio 18 နှင့် MS-13 ဂိုဏ်းများသည် အထူးအင်အားကောင်းသည့် အဖွဲ့များဖြစ်သည်။

ဗီဒီယိုများ