- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ကမ္ဘာ့အပူရှိန်သည် ပြီးခဲ့သော ၈ နှစ်တာကာလတွင် စံချိန်တင်မြင့်တက်ခဲ့
ဥတုရာသီ အပြောင်းအလဲများကြောင့် ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သည့်နှစ်၌ ထင်မှတ်မထားသည့် သဘာဝကပ်ဘေးကြီးများ ရင်ဆိုင်ရမှုနှင့်အတူ တစ်ကမ္ဘာလုံးတွင် ပျမ်းမှုအပူချိန်သည် ၁.၁၅ ဒီဂရီဆဲစီးယပ် မြင့်တက်ခဲ့သည်။
14 Jan 2023
ဓာတ်ပုံ - AFP
ကမ္ဘာ့အပူချိန်ကို မှတ်တမ်းကောက်ယူခဲ့သည့် ကာလတစ်လျှောက်တွင် ပြီးခဲ့သော ၈ နှစ်တာသည် အပူဆုံးနှစ်များ ဖြစ်ကြောင်း ကမ္ဘာ့မိုးလေဝသဆိုင်ရာ အဖွဲ့အစည်း (WMO) က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဥတုရာသီ အပြောင်းအလဲများကြောင့် ကမ္ဘာတစ်ဝန်းတွင် ပြီးခဲ့သည့်နှစ်၌ ထင်မှတ်မထားသည့် သဘာဝကပ်ဘေးကြီးများ ရင်ဆိုင်ရမှုနှင့်အတူ တစ်ကမ္ဘာလုံးတွင် ပျမ်းမှုအပူချိန်သည် ၁.၁၅ ဒီဂရီဆဲစီးယပ် မြင့်တက်ခဲ့ကြောင်း WMO က ပြောကြားသည်။
“ကမ္ဘာတစ်ဝန်းတွင် ဖန်လုံအိမ်ဓာတ်ငွေ့ ပါဝင်နှုန်း မြင့်တက်ခြင်းနှင့်အတူ စုပုံလာသည့် အပူငွေ့များကြောင့် ပြီးခဲ့သောရှစ်နှစ်တာ ကာလ၌ စံချိန်တင် အပူမြင့်တက်ခဲ့သည်” ဟု ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော WMO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းတို့အနက် အပူဆုံးသုံးနှစ်မှာ ၂၀၁၆၊ ၂၀၁၉ နှင့် ၂၀၂၀ တို့ဖြစ်ကြသည်။
ကမ္ဘာ့နိုင်ငံများ အားလုံးနီးပါးက ၂၀၁၅ ခုနှစ်တွင် သဘောတူညီခဲ့ကြသည့် ပါရီသဘောတူညီချက်၌ ကမ္ဘာ့အပူချိန်ကို ၁.၅C တွင် ထိန်းထားရန် သဘောတူခဲ့ကြသည်။ ဤအဆင့်သည် ဥတုရာသီ အကျိုးသက်ရောက်မှုများကို ဖြေရှင်းနိုင်သည့် အနေအထားတွင် ထိန်းထားနိုင်သည့် ပမာဏဖြစ်ကြောင်း သိပ္ပံပညာရှင်များက အကြံပြုထားသည်။
သို့သော်လည်း WMO ၏ ကြာသပတေးနေ့ ထုတ်ပြန်ချက်၌မူ အပူချိန်သည် ၁.၅C ကန့်သတ်ချက်ကို ကျော်လွန်ပြီး အချိန်နှင့်အမျှ မြင့်တက်လျက် ရှိနေပုံပေါ်သည်ဟု သတိပေးထားသည်။
ကမ္ဘာတစ်ဝန်း၌ ၂၀၂၀ အတွင်း ရာသီဥတု ကပ်ဘေးကြီးများကို ရင်ဆိုင်ခဲ့ရပြီး လူပေါင်းများစွာနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများစွာ ဆုံးရှုံးခဲ့ရသည်ဟု WHO ဥက္ကဌ ပက်တာရီတားလက်စ်က ပြောကြားသည်။ ပါကစ္စတန်နိုင်ငံ ဧရိယာသုံးပုံတစ်ပုံခန့် ရေလွှမ်းမိုးခံခဲ့ရခြင်း၊ တရုတ်၊ ဥရောပနှင့် အမေရိကတို့တွင် ဖြစ်ပွားခဲ့သည့် စံချိန်တင် အပူလှိုင်းများ၊ အာဖရိကအငူတွင် ကြုံတွေ့ခဲ့ရသည့် မိုးခေါင်ရေရှားမှုများကို သူက ထောက်ပြထားသည်။