- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ကင်ဂျုံအန်းက ၎င်း၏သမီးကို ပွဲထုတ်လာခြင်းသည် မိသားစု အာဏာလက်ဆင့်ကမ်းမှုအတွက် အရိပ်အမြွက် ဖော်ပြခြင်းဖြစ်နိုင်
ကင်ဂျုံအန်းတွင် သားသမီးသုံးဦးရှိကာ ၂၀၁၀၊ ၂၀၁၃ နှင့် ၂၀၁၇ ဖွားတို့ဖြစ်ကြကြောင်း တောင်ကိုရီးယားသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
07 Jan 2023
ဓာတ်ပုံ - KCNA
DMG၊ ဇန်နဝါရီ ၆
မကြာသေးမီကာလများအတွင်း နိုင်ငံတော်အခမ်းအနားများ၌ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ၎င်း၏သမီးကို ပွဲထုတ်လာခြင်းသည် ၎င်း၏အာဏာကို မိသားစုဝင်တစ်ဦးဦးက ဆက်ခံမည့်အကြောင်းကို အရိပ်အမြွက် ဖော်ပြလာခြင်းမျိုးဖြစ်နိုင်ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီက ပြောကြားလိုက်သည်။
ကင်ဂျုံအန်းသည် ၎င်း၏သမီးအား အများပြည်သူရှေ့တွင် ချပြခြင်းအားဖြင့် သူ၏အာဏာကို လွှဲပြောင်းဆက်ခံမည့်သူကို ရွေးချယ်ပြီးဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက တံခါးပိတ် လွှတ်တော်အစည်းအဝေး တစ်ရပ်၌ ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါသမီးငယ်ကို ထုတ်ပြလာသည့်အတွက် အာဏာကို သူမကိုပင် လွှဲအပ်မည်ဟု ပုံသေဆိုလိုခြင်းမျိုးတော့လည်း မဟုတ်ဟု ထောက်လှမ်းရေး၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်အမတ် ယိုဆန်းဘွန်းက သတင်းထောက်များကို ပြောကြားသည်။
ကင်ဂျုံအန်းတွင် သားသမီးသုံးဦးရှိကာ ၂၀၁၀၊ ၂၀၁၃ နှင့် ၂၀၁၇ ဖွားတို့ဖြစ်ကြကြောင်း တောင်ကိုရီးယားသတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။
ကင်ဂျုံအန်းသည် ပြီးခဲ့သောလပိုင်းအတွင်း အခမ်းအနားသုံးခုတွင် ၎င်း၏သမီးကိုပါ ခေါ်ယူလာသည်ကို တွေ့ရသည်။ ဒုံးကျည်လွှတ်တင်သည့်နေရာ၊ ဒုံးကျည်ပညာရှင်များနှင့် ဓာတ်ပုံရိုက်ကူးစဉ်၊ ဒုံးကျည်ထားရှိရာသို့ အလည်အပတ်သွားရောက်စဉ် တို့ဖြစ်သည်။
နိုင်ငံပိုင်မီဒီယာက သူမအား ကင်ဂျုံအန်းအချစ်ဆုံး သမီးအဖြစ် ဖော်ပြခဲ့ကြသည်။ အသက် ၉ နှစ် သို့မဟုတ် ၁၀ နှစ်ခန့်သာ ရှိဦးမည့် သူမသည် ကင်ဂျုံအန်း၏အာဏာကို အမွေဆက်ခံသူ ဖြစ်လာနိုင်သလား ဆိုသည်ကိုလည်း လူအများကြားတွင် ဆွေးနွေးငြင်းခုန်စရာ ဖြစ်ခဲ့သည်။