- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီးလောင်၊ ၇ ဦးသေ၊ ၅ သောင်းနီးပါး အိုးအိမ်မဲ့ဖြစ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခု တနင်္လာနေ့က မီးလောင်မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ လက်ရှိအချိန်အထိ ရရှိထားသော စာရင်းများအရ ၇ ဦးရှိသွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Mar 2021

DMG ၊ မတ် ၂၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ မူဆလင်ဒုက္ခသည်စခန်းတစ်ခု တနင်္လာနေ့က မီးလောင်မှုကြောင့် သေဆုံးသူစုစုပေါင်းမှာ လက်ရှိအချိန်အထိ ရရှိထားသော စာရင်းများအရ ၇ ဦးရှိသွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
စခန်းပတ်ပတ်လည် ကာရံထားသည့် သံဆူးကြိုးများကြောင့်လည်း ဒုက္ခသည်များသည် မီးလောင်ချိန်၌ စခန်းတွင်း ပိတ်မိနေခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြသည်ဟု နိုင်ငံတကာ ဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအဖွဲ့ Refugees International က ဆိုသည်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဒဏ် ခံစားရသူ စုစုပေါင်း ၄ သောင်းခွဲနှင့် ၅ သောင်းအကြား ရှိနိုင်ကြောင်း ဒုက္ခသည် ကူညီကယ်ဆယ်ရေး အဖွဲ့များက ခန့်မှန်းထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ရိက္ခာဂိုထောင်အချို့လည်း မီးလောင်သည့် အထဲတွင် ပါသွားပြီး လက်ရှိ၌ ဒုက္ခသည်အများအပြားသည် စခန်းအနီးတစ်ဝိုက်၊ မိသားစု သို့မဟုတ် အသိမိတ်ဆွေများ၏ နေရာများနှင့် သင်ကြားရေးစင်တာများတွင် ခိုလှုံနေကြရအောင် WFP က ပြောကြားသည်။
လက်ရှိအချိန်၌ မီးလောင်မှုအား ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း နေရာအနှံ့အပြားတွင် မီးခိုးများ ထွက်နေသေးသလို သေဆုံးသူဦးရေလည်း မြင့်တက်လာနိုင်ခြေ ရှိကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း စစ်တပ်၏ နယ်မြေရှင်းလင်းရေးကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသူ မူဆလင်ဒုက္ခသည်စုစုပေါင်း ၇ သိန်းခွဲနီးပါး ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။