- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
- ထရမ့်-ပူတင် တွေ့ဆုံပွဲ ရလဒ်တစုံတရာ ထွက်ပေါ်ခြင်းမရှိဘဲ ပြီးဆုံး
- စစ်ကောင်စီနှင့် ကိုးကန့်တပ် လားရှိုးတွေ့ဆုံပွဲ အဖြေမထွက်
ကမ္ဘာ့စစ်ရာဇဝတ်မှုများ စစ်ဆေးရေးအသုံးစရိတ် ထရမ့်အစိုးရ အကြီးအကျယ် ဖြတ်တောက်ရန် လိုလား
မြန်မာ၊ ဆီးရီးယားနှင့် ရုရှားအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နေရာ ၂၀ ကျော်မှ စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးရေးအတွက် သုံးစွဲလျက်ရှိသည့် အမေရိက ရန်ပုံငွေကို ဖြတ်တောက်ရန် အိမ်ဖြူတော်က အကြံပြုထားကြောင်း သတင်းရင်းမြစ် သုံးခုကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Jun 2025

မြန်မာ၊ ဆီးရီးယားနှင့် ရုရှားအပါအဝင် ကမ္ဘာတစ်ဝန်းရှိ နေရာ ၂၀ ကျော်မှ စစ်ရာဇဝတ်များကို စုံစမ်းစစ်ဆေးရေးအတွက် သုံးစွဲလျက်ရှိသည့် အမေရိက ရန်ပုံငွေကို ဖြတ်တောက်ရန် အိမ်ဖြူတော်က အကြံပြုထားကြောင်း သတင်းရင်းမြစ် သုံးခုကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိမ်ဖြူတော်ရှိ ရံပုံငွေ စီမံခန့်ခွဲရေးရုံးက အမေရိကန် နိုင်ငံခြားရေးဌာနသို့ ယခုကဲ့သို့ ညွှန်ကြားလိုက်ခြင်း ဖြစ်ပြီး အပြီးသတ်ဆုံးဖြတ်ချက်တော့ မဟုတ်သေးကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
သို့သော်လည်း ဝန်ကြီး မာကိုရူဘီယို ဦးဆောင်နေသည့် နိုင်ငံခြားရေးဌာနသည် အဆိုပါ စုံစမ်းစစ်ဆေးရေး အစီအစဉ်များအနက် မည်သည်တို့ကို ဆက်လက်လည်ပတ်ရန် လိုအပ်ကြောင်း အစီရင်ခံစာ တင်ပြရတော့မည် ဖြစ်သည်။
အမေရိကန်အစိုးရ၏ ဘဏ္ဍာငွေဖြင့် လည်ပတ်နေသည့် စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေး အစီအစဉ်များထဲမှ အိမ်ဖြူတော်က ရပ်ဆိုင်းရန် ညွှန်ကြားသည့် အစီအစဉ်များတွင် မြန်မာ၊ ဆီးရီးယားနှင့် ရုရှားတို့အပြင် အီရတ်၊ နီပေါ၊ သီရိလင်္ကာ၊ ကိုလံဘီယာ၊ ဘဲလာရုစ်၊ ဆူဒန်၊ တောင်ဆူဒန်၊ အာဖဂန်နစ္စတန်နှင့် ဂမ်ဘီယာနိုင်ငံတို့အတွက် စုံစမ်းစစ်ဆေးမှုများလည်း ပါဝင်ကြောင်း ရိုက်တာသတင်းက ဖော်ပြထားသည်။
အဆိုပါ အစီအစဉ် အများစု ရပ်ဆိုင်းရေးကို ဝန်ကြီးရူဘီယိုက ကန့်ကွက်နိုင်ခြေမှာလည်း နည်းပါးသည်ဟု သတင်းရင်းမြစ်သုံးခုက ပြောကြောင်း ရိုက်တာက ရေးသားထားသည်။
ရပ်ဆိုင်ရန် ညွှန်ကြားသည့် အစီအစဉ်များကို ဆက်လက်လည်ပတ်ရန် ထုချေလွှာပေးမည် ဆိုလျှင် အသေးစိတ်တင်ပြချက်များ ပါဝင်ရမည် ဖြစ်သလို အမေရိကန်အစိုးရ၏ ဦးစားပေးမှုများနှင့်လည်း ကိုက်ညီရမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ရုံးတွင်းစာတစ်စောင်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံနှင့် ဆက်စပ်၍ အမေရိကန်အစိုးရက အဓိက စုံစမ်းစစ်ဆေးနေသည့် ဖြစ်ရပ်မှာ မြန်မာစစ်တပ်က မွတ်ဆလင်များအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။