- စစ်တွေရှိ လူမနေသည့် နေအိမ်များကို စစ်ကောင်စီက ဖြိုဖျက်ရောင်းစားနေ
- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးနှင့် NUG တို့ တွေ့ဆုံ
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များသည် တနင်္လာနေ့က တွေ့ဆုံခဲ့ကြကြောင်း အိမ်ဖြူတော်က တနင်္လာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်သည်။
26 Oct 2021

DMG ၊ အောက်တိုဘာ ၂၆
အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆာလီဗန်နှင့် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များသည် တနင်္လာနေ့က တွေ့ဆုံခဲ့ကြကြောင်း အိမ်ဖြူတော်က တနင်္လာနေ့နှောင်းပိုင်းတွင် သတင်းထုတ်ပြန်သည်။
အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှု၌ NUG ဘက်မှ ယာယီသမ္မတ ဒူးဝါးလရှီလနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အမေရိကန်အစိုးရအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိသလို “အာဏာသိမ်းမှုအပေါ် တာဝန်ယူမှုရှိစေရေးအတွက် အမေရိကန်ဘက်က ဆက်လက်ဆောင်ရွက်သွားမည်” ဟု အိမ်ဖြူတော်ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာအာဏာပိုင်များအား နိုင်ငံကိုအုပ်ချုပ်သူအစိုးရအဖြစ် အသိအမှတ်ပြုခြင်းဖြင့် အကြမ်းဖက်မှုများ ရပ်တန့်သွားမည်မဟုတ်ကြောင်း ရာထူးမှအနားယူတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဆာလီဗန်အနေဖြင့် လတ်တလော အဖမ်းခံထားရသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူကိုဂျင်မီ အတွက်လည်း အထူးစိုးရိမ်နေပြီး သူ့ကို ပြန်လွှတ်ပေးရေးအတွက် အမေရိကန်ဘက်က တောင်းဆိုသွားမည်ဟု အိမ်ဖြူတော်က ပြောကြားသည်။
ဆာလီဗန်နှင့် NUG ခေါင်းဆောင်ပိုင်းည် ကိုဗစ်ကပ်ဘေးအရေး၊ လူသားချင်းစာနာမှုအကူအညီများ မြန်မာလူထုကို တိုက်ရိုက်ပေးအပ်နိုင်ရေးအတွက် အမေရိကန်ဘက်က ကြိုးပမ်းမှုများအား ဆွေးနွေးခဲ့ကြကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။