- မြောက်ကိုရီးယားတွင် တောင်ကိုရီးယားဇာတ်ကားများနှင့် ဗီဒီယိုဖိုင်များ မျှဝေကြည့်ရှုမှုကြောင့် ကွပ်မျက်ခံရမှုများရှိ
- တစ်နိုင်ငံလုံး ဒေသထုတ်ကုန်ပြိုင်ပွဲတွင် ရခိုင်ဓနိဖူးထုတ်ကုန် ပထမအဆင့်ရရှိ
- စစ်ရေးပဋိက္ခနှင့်ပတ်သက်ပြီး မြို့နယ် ၄၅ ခုကို စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထား
- မကွေး တော်လှန်ရေးအဖွဲ့ PRA ကို AA ချီးကျူး
- မင်းပြားမှ AA သံသယဖြင့်တရားစွဲခံရသူအမှု အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည်မှာ ၈ လထိ ကြာမြင့်လာ
သြစတြေးလျတွင် ၂၀၁၄ နောက်ပိုင်း ပထမဆုံးအဖြစ် အကြမ်းဖက်မှုသတိပေးချက် အဆင့်ကို လျှော့ချ
သြစတြေးလျနိုင်ငံတွင် အကြမ်းဖက်မှု သတိပေးချက်အဆင့်ကို “ဖြစ်နိုင်ခြေရှိ” အဆင့်မှ “အလားအလာရှိ” အဆင့်သို့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လျှော့ချသတ်မှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Nov 2022

ဓာတ်ပုံ - Wikipedia
DMG | နိုဝင်ဘာ ၂၉
သြစတြေးလျနိုင်ငံတွင် အကြမ်းဖက်မှု သတိပေးချက်အဆင့်ကို “ဖြစ်နိုင်ခြေရှိ” အဆင့်မှ “အလားအလာရှိ” အဆင့်သို့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လျှော့ချသတ်မှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အကြမ်းဖက်သမားများ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သတိပေးချက်ထုတ်ပြန်ခဲ့သည့် ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ သတိပေးချက်အဆင့်ကို လျှော့ချလိုက်ခြင်း ဖြစ်သည်။
ထိုစဉ်က သြစတြေးလျ နိုင်ငံသားအများအပြားသည် အီရတ်နှင့် ဆီးရီးယားတို့တွင် အစွန်းရောက်များနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေသည်ဟု ယူဆပြီး သြစတြေးလျနိုင်ငံတွင်း၌လည်း စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။
အကြမ်းဖက်မှုသတိပေးချက် ထုတ်ပြန်ခဲ့ရသည့် နောက်ခံအခြေအနေများသည် မရှိတော့ သို့မဟုတ် ယခင်ကလောက် စိုးရိမ်စရာ မလိုအပ်တော့ကြောင်း သြစတြေးလျထောက်လှမ်းရေးအဖွဲ့ (ASIO) က ပြောကြားသည်။
“သြစတြေးလျဟာ အကြမ်းဖက်သမားတွေရဲ့ အလားအလာရှိတဲ့ ပစ်မှတ်တစ်ခု ဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင် တိုက်ခိုက်မှုပြုလုပ်လိုတဲ့ အစွန်းရောက်တွေ နည်းသထက်နည်းလာနေပါပြီ” ဟု ASIO ၏ အထွေထွေညွှန်ကြားရေးမှူး မိုက်ဘားဂျက်က သတင်းထောက်များကို ပြောကြားသည်။
သို့သော်လည်း ယခုကဲ့သို့ အဆင့်လျှော့ချလိုက်ခြင်းသည် အကြမ်းဖက်မှုရန်စွယ်များ လုံးလုံးပျောက်ကွယ်သွားပြီဟု ဆိုလိုခြင်း မဟုတ်ကြောင်းလည်း သူက ပြောသည်။
သေဆုံး သို့မဟုတ် အကျဉ်းကျခံနေရသည့် အိုက်အက်စ်အုပ်စုဝင်များ၏ မိသားစုဝင်များသည် ယခုဆုံးဖြတ်ချက်ကြောင့် သြစတြေးလျနိုင်ငံတွင် ပြန်လည်နေထိုင်ခွင့် ရရှိခြင်းများလည်း ဖြစ်လာနိုင်ခြေ ရှိနေသည်။