သမ္မတပူတင်၏ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားချက် ယူကရိန်းပယ်ချ

ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားစစ်သည်များ ပထမဆုံးအကြိမ်အဖြစ် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်တွင် သမ္မတပူတင်၏ ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

By Admin 06 Jan 2023

သမ္မတပူတင်၏ အပစ်အခတ်ရပ်စဲရေး ညွှန်ကြားချက် ယူကရိန်းပယ်ချ

ရုရှားသမ္မတ ဗလာဒီမာပူတင်။/ ဓာတ်ပုံ - AFP

DMG၊ ဇန်နဝါရီ ၆

အောသိုဒေါက်ခရစ္စမတ်ကာလ အတွင်း ယူကရိန်းတွင် ၃၆ နာရီ အပစ်အခတ်ရပ်စဲရန် ရုရှားသမ္မတ ဗလာဒီမာပူတင် ၏ ညွှန်ကြားချက်အား ယူကရိန်းနှင့် မဟာမိတ်များက ပယ်ချလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

တူရကီသမ္မတ ရီတက်တေးယစ်အာဒိုဂန် နှင့် ရုရှားဘုန်းတော်ကြီး ပါထရီအာ့ကီရီးတို့၏ အပစ်ရပ်တောင်းဆိုမှုများ ရှိခဲ့ပြီးနောက်တွင် သမ္မတပူတင်၏ ညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကရင်မလင်မှ ထုတ်ပြန်ချက်၌ သောကြာနေ့နေ့လယ်မှ စနေနေ့ညဉ့်အထိ အပစ်ရပ်မည်ဟု ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

ကီယက်ဗ် ကမူ အဆိုပါထုတ်ပြန်ချက်ကို မြန်မြန်ဆန်ဆန်ပင် ပယ်ချခဲ့သည်။

ရုရှားတို့အနေဖြင့် ကျူကျော်သိမ်းပိုက်ထားသည့် နယ်မြေများမှ ဆုတ်ခွာရမည်ဖြစ်ကာ ထိုအချိန်ကျမှသာ ယာယီအပစ်ရပ်မှု ရှိလာလိမ့်မည်ဟု ယူကရိန်းသမ္မတအကြံပေး မီခေးလိုပေါ်ဒိုယက်က တွစ်တာပေါ်တွင် ရေးသားထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကလည်း ရုရှား၏ထုတ်ပြန်ချက်ကို ပယ်ချခဲ့သည်။

“ပူတင်ဟာ ဒီဇင်ဘာလ ၂၅ ရက်နေ့နဲ့ နှစ်သစ်ကူးနေ့တွေမှာ ဆေးရုံတွေ မူကြိုကျောင်းတွေနဲ့ ဘုရားကျောင်းတွေကို ဗုံးကြဲဖို့ အသင့်ရှိနေခဲ့တာပဲ” ဟု ဘိုင်ဒန်ကဆိုသည်။

ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ရုရှားစစ်သည်များ ပထမဆုံးအကြိမ်အဖြစ် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက်တွင် သမ္မတပူတင်၏ ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

လတ်တလောတွင် ယူကရိန်းကို ထောက်ခံသည့် နိုင်ငံများကလည်း သံချပ်ကာယာဉ်များ ပေးပို့မည်ဟု ကတိပေးထားသလို အမေရိကန်ကလည်း ဒုတိယမြောက် ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးစနစ် ပေးပို့မည်ဟု ပြောကြားထားသည်။

ဗီဒီယိုများ