- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ဒုံးကျည်တွေမကုန်မချင်း ရုရှားရဲ့တိုက်ခိုက်မှုတွေ ရပ်မှာမဟုတ်ဘူးလို့ ဇီလင်စကီးပြော
ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားဟာ သူ့ရဲ့ဒုံးကျည်တွေမကုန်မချင်း တိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် လာမယ့်သီတင်းပတ်မှာလည်း ရိုင်းစိုင်းရက်စက်မှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ယူကရိန်းပြည်သူတွေကို သတိပေးပြောကြားလိုက်ပါတယ်။
01 Dec 2022

ခါဆွန်မြို့ကိုလာရောက်ခဲ့တဲ့ ယူကရိန်းသမ္မတ။ ဓာတ်ပုံ - Reuters
DMG | ဒီဇင်ဘာ ၁
ယူကရိန်းသမ္မတ ဇီလင်စကီးက ရုရှားဟာ သူ့ရဲ့ဒုံးကျည်တွေမကုန်မချင်း တိုက်ခိုက်မှုတွေ ရပ်တန့်သွားမှာ မဟုတ်တဲ့အတွက် လာမယ့်သီတင်းပတ်မှာလည်း ရိုင်းစိုင်းရက်စက်မှုတွေနဲ့ ကြုံတွေ့ရနိုင်တယ်လို့ ယူကရိန်းပြည်သူတွေကို သတိပေးပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ အစောပိုင်းကတည်းက ရုရှားက ယူကရိန်းရဲ့စွမ်းအင်အခြေခံ အဆောက်အဦတွေအပေါ် အပတ်စဉ်ဆိုသလို ဒုံးကျည်တွေနဲ့ အကြီးအကျယ် တိုက်ခိုက်ခဲ့ပါတယ်။
ညတွင်းချင်းပြောကြားခဲ့တဲ့ ဇီလင်စကီးရဲ့ ရုပ်သံဗီဒီယိုဖိုင်မှာတော့ အခုသီတင်းပတ်အတွင်း တိုက်ခိုက်မှုတွေက အရင်ကထက် ပိုပြီးဆိုးရွားလာဖို့ရှိတဲ့အတွက် တိုက်ခိုက်မှုအသစ်တွေကို မျှော်လင့်ထားကြောင်း ပြောဆိုထားပါတယ်။
“အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ဖို့ ပြင်ဆင်နေကြတယ်ဆိုတာ ကျွန်တော်တို့ နားလည်ထားတယ်။ ဒါကို ကျွန်တော်တို့ အမှန်အတိုင်း နားလည်သဘောပေါက်ထားတယ်။ ကံဆိုးတာက၊ သူတို့မှာဒုံးကျည်တွေရှိနေသရွေ့ ပစ်ချစ်ခတ်ချင်သတ်ဖြတ်ချင်စိတ်ကို သူတို့ထိန်းသိမ်းနိုင်မှာမဟုတ်တာပဲ”လို့ ဇီလင်စကီးက ပြောပါတယ်။
အရပ်သားတွေကို အန္တရာယ်ဖြစ်စေဖို့ရည်ရွယ်တဲ့ ရုရှားရဲ့ ယူကရိန်း အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာက စစ်ရာဇဝတ်မှုတွေကို ကျူးလွန်တာဖြစ်တယ်လို့ ကိယက်ဗ်ကပြောပါတယ်။ အရပ်သားတွေအပေါ် ရည်ရွယ်တိုက်ခိုက်နေတယ်ဆိုတာကို မော်စကိုက ငြင်းပယ်ခဲ့ပေမယ့် ရုရှားရဲ့တောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင်တော့ ယူကရိန်းရဲ့ ဆင်းရဲဒုက္ခတွေက ပြီးဆုံးသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့ညနေခင်း သတင်းထုတ်ပြန်ချက်မှာတော့ ရုရှားတွေက ဒွန်းညက် ပြည်နယ်ရဲ့ အဓိကပစ်မှတ်တွေဖြစ်တဲ့ Bakhmut နဲ့ Avdiivka တို့ကို အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းစစ်ဦးစီးချုပ်က ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ Kupiansk နဲ့ Lyman မြို့တွေကိုလည်း မကြာသေးခင်ကမှ ကိယက်ဗ်က ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။