- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
တောင်ကိုးရီးယားဝန်ထမ်း ပစ်သတ်ခံရမှုအတွက် မြောက်ကိုရီးယားခေါင်းဆောင် တောင်းပန်
တောင်ကိုရီးယားဝန်ထမ်းတစ်ဦးအား ပင်လယ်ထဲတွင် မြောက်ကိုးရီးယားက ပစ်သတ်ခဲ့မှုနှင့်ပတ်သက်ပြီး မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သောကြာနေ့တွင် တောင်းပန်လိုက်သည်။
25 Sep 2020

တောင်ကိုရီးယားဝန်ထမ်းတစ်ဦးအား ပင်လယ်ထဲတွင် မြောက်ကိုးရီးယားက ပစ်သတ်ခဲ့မှုနှင့်ပတ်သက်ပြီး မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းက သောကြာနေ့တွင် တောင်းပန်လိုက်သည်။
ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး “အထူးစိတ်မကောင်းဖြစ်မိပါကြောင်း” ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားသည်ဟု တောင်ကိုးရီးယား အရာရှိများက ဆိုသည်။
မြောက်ကိုးရီးယားခေါင်းဆောင်တစ်ဦးက တောင်ကိုးရီးယားအပေါ် ယခုကဲ့သို့ တောင်းပန်မှုသည် အလွန်ထူးဆန်းသော အပြုအမူဖြစ်သည်။
တောင်ကိုရီးယားအရပ်ဘက် ဝန်ထမ်းတစ်ဦးအား မြောက်ကိုးရီးယားက ပစ်သတ်လိုက်ပြီး ၎င်း၏အလောင်းကို မီးရှို့လိုက်ကြောင်း တောင်ကိုးရီးယားက ကြာသပတေးနေ့တွင် စွပ်စွဲပြောကြားခဲ့သည်။ မြောက်ကိုးရီးယား၏ “ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်” အား တောင်ကိုးရီးယားက ရှုတ်ချလိုက်သလို ပြစ်မှုကျူးလွန်သူများအား ပြစ်ဒဏ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
မြောက်ကိုးရီးယား၏ ထုတ်ပြန်ချက်တွင်မူ အမျိုးသားတစ်ဦးအား မြောက်ကိုးရီးယားပိုင် ရေပြင်တွင် တွေ့ရှိရသဖြင့် ခြောက်လှန့်ပစ်ခတ်မှုပြုလုပ်ကာ မေးမြန်းခဲ့သော်လည်း ထိုအမျိုးသားက မိမိသည် တောင်ကိုးရီးယားမှ လာသူဖြစ်ကြောင်းသာ သုံးလေးကြိမ်ဖြေကြားခဲ့ပြီး ထွက်ပြေးသဖြင့် မိမိတို့ဘက်မှ ၁၀ ချက် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် လိုက်ရှာရာ လူကို မတွေ့ရဘဲ သွေးစက်များနှင့် ရေပေါ်မျောပါနေသော အရာကိုသာ တွေ့ရှိရသဖြင့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းများအရ ထိုအရာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
မြောက်ကိုးရီးယားသည် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်အဖြစ် နယ်စပ်အနီး တရားမဝင် ရောက်ရှိလာသူမည်သူမဆို အသေပစ်သတ်ရန် ၎င်း၏တပ်များအား ညွှန်ကြားထားသည်။
မြောက်ကိုးရီးယားက မိမိတို့ပိုင်နက်အတွင်း ဖြစ်ပွားခဲ့သည့် ယခုဖြစ်ရပ်အတွက် စိတ်မကောင်းဖြစ်မိပါကြောင်းနှင့် တောင်-မြောက် နှစ်နိုင်ငံအကြား ယုံကြည်မှုမပျက်စီးအောင် ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။