- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ဝန်ကြီးချုပ်ရာထူးသည် တရားစွဲခံရခြင်းများမှ ကင်းလွတ်ခွင့်ရှိကြောင်း ဆော်ဒီမင်းသား၏ ရှေ့နေများ ပြောကြား
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းလိုက်သည် ၂၀၁၈ ခုနှစ်က သတင်းထောက် ဂျမဲလ်ကာရှိုဂီကို သတ်ဖြတ်ခြင်းအပါအဝင် အမှုများစွာအတွက် အမေရိကန်တရားရုံးများတွင် တရားစွဲဆိုမှုများ ကင်းလွတ်ခွင့်အတွက် အကျုံးဝင်ကြောင်း မင်းသား၏ ရှေ့နေများကဆိုသည်။
06 Oct 2022

DMG ၊ အောက်တိုဘာ ၆
ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆဲလ်မန်အား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ခြင်းလိုက်သည် ၂၀၁၈ ခုနှစ်က သတင်းထောက် ဂျမဲလ်ကာရှိုဂီကို သတ်ဖြတ်ခြင်းအပါအဝင် အမှုများစွာအတွက် အမေရိကန်တရားရုံးများတွင် တရားစွဲဆိုမှုများ ကင်းလွတ်ခွင့်အတွက် အကျုံးဝင်ကြောင်း မင်းသား၏ ရှေ့နေများကဆိုသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ထုတ်ပြန်သည့် ဘုရင့်အမိန့်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် မင်းသားမိုဟာမက်ကို ဝန်ကြီးချုပ်အဖြစ် အမည်တင်သွင်းခဲ့သည်။ ပြည်ပနိုင်ငံတရားရုံးများတွင် စွဲဆိုခံရသည့်အမှုများကို ရင်ဆိုင်ရခြင်းက ရှောင်ရှား ရန်ကြိုးပမ်းနေသည့်အတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် အစိုးရကို ဝေဖန်သူများအတွက် စိုးရိမ်စရာဖြစ်လာစေခဲ့သည်။
သူ၏ရှေ့နေများက “ဝန်ကြီးချုပ်ရာထူးသည် ဆော်ဒီအာရေဗျအစိုးရ၏ ဦးသျှောင်နေရာတွင်ရှိကြောင်း”နှင့် ပြည်ပနိုင်ငံအကြီးအကဲများနှင့် အခြားအဆင့်မြင့် အရာရှိကြီးများကို အမေရိကန်တရားရုံးများတွင် တရားစွဲခံရခြင်းက ကင်းလွတ်ခွင့်တွင် အကျုံးဝင်ကြောင်း ရှေ့နေများက ယခင်ပြောကြားခဲ့ပြီးဖြစ်သည်။
လွန်ခဲ့သည့်ရက်သတ္တပတ်က ထုတ်ပြန်ခဲ့သည့် ဘုရင့်အမိန့်အရ “အိမ်ရှေ့မင်းသားသည် ရာထူးအဆင့်အလိုက် ကြည့်လျှင်လည်း ကင်းလွတ်ခွင့်အတွက် အကျုံးဝင်သည်မှာ အငြင်းပွားစရာမရှိ”ကြောင်း သူ၏ရှေ့နေများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ဆော်ဒီဝေဖန်ရေးသမားတစ်ဦးဖြစ်သူ ကာရှိုဂီကို တူရကီဘုရင့်နိုင်ငံတော်၏ အီစတန်ဘူကောင်စစ်ဝန်ရုံးတွင် သတ်ဖြတ်ခဲ့မှုကြောင့် မင်းသား မိုဟာမက်ကို အနောက်နိုင်ငံများ၏ ပစ်ပယ်မှုဖြင့် အပယ်ခံဘဝ ရောက်စေခဲ့သည်။
သို့သော်လည်း မင်းသားကို ယခုနှစ်ပိုင်းတွင် ကမ္ဘာ့စင်မြင့်ထက်ကို ပြန်လည်ပွဲထုတ်ကြိုဆိုလာခဲ့သည်။ ဘုရင့်နိုင်ငံကို အပယ်ခံနိုင်ငံတစ်နိုင်ငံအဖြစ် လုပ်ဆောင်မည်ဟု အစောပိုင်းတွင် တောင်းဆိုထားသည့်ကြားက အမေရိကန် သမ္မတဂျိုးဘိုင်ဒန်၏ ဆော်ဒီအာရေဗျကို ဇူလိုင်လတွင် လည်ပတ်ခဲ့သည့် ခရီးစဉ်နောက်ပိုင်းတွင် သိသိသာသာ ပြောင်းလဲလာခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် သမ္မတဘိုင်ဒန်က လျှို့ဝှက်အဆင့်မှ လျှော့ချပြီး ထုတ်ပြန်ခဲ့သည့် ထောက်လှမ်းရေးအစီရင်ခံစာ တစ်စောင်၌ မင်းသားမိုဟာမက်သည် ကာရှိုဂီကို နှိမ်နှင်းမှုအား အတည်ပြုခဲ့ကြောင်း ဖော်ပြထားပြီး ဆော်ဒီအာဏာပိုင်များကမူ ထိုအချက်ကို ငြင်းဆန်ထားသည်။