- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
မြန်မာနှစ်ဦးအပါအဝင် အမေရိကန်တွင် အကျဉ်းကျခံနေရသူ ၈ ဦး တောင်ဆူဒန်သို့ အပို့ခံရ
အမေရိကန်ပြည်ထောင်စုတွင် အကျဉ်းကျခံနေရသူ ရာဇဝတ်သား ၈ ဦးအား ထရမ့်အစိုးရက တောင်ဆူဒန်နိုင်ငံသို့ ပို့လိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
07 Jul 2025

အမေရိကန်ပြည်ထောင်စုတွင် အကျဉ်းကျခံနေရသူ ရာဇဝတ်သား ၈ ဦးအား ထရမ့်အစိုးရက တောင်ဆူဒန်နိုင်ငံသို့ ပို့လိုက်ပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၎င်းတို့အား ဂျီဘူတီနိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွင် သီတင်းပတ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့ပြီးနောက် ဇူလိုင်လ ၄ ရက်နေ့တွင် တောင်ဆူဒန်သို့ ပို့လိုက်ပြီဖြစ်ကြောင်း အေပီသတင်းက ဖော်ပြသည်။
"ဒါဟာ တရားဥပဒေစိုးမိုးရေး၊ အမေရိကန် ပြည်သူလူထုရဲ့ လုံခြုံရေးတို့အတွက် အောင်ပွဲတစ်ရပ် ဖြစ်ပါတယ်" ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ထရီရှာ မက်ကလာလင်းက ဇူလိုင် ၅ ရက် စနေနေ့က ကြေညာချက်ထုတ်ပြန် ပြောကြားသည်။
၎င်းတို့အား တောင်ဆူဒန်သို့ တင်ပို့မှုကို ကနဦးတွင် ကန့်ကွက်မှုရှိခဲ့သည့်အတွက် ဆိုင်းငံ့ထားရာမှ ယခုပြန်လည် အတည်ပြုပြီးနောက် အပြီးသတ် ပို့လိုက်ခြင်း ဖြစ်သည်။
တောင်ဆူဒန်နိုင်ငံသည် လက်ရှိ၌ စစ်ပွဲကြောင့် အကြီးအကျယ် ပျက်စီးနေသော နိုင်ငံဖြစ်သလို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကိုယ်တိုင်ကလည်း နိုင်ငံသားများအား ထိုနေရာသို့ ခရီးမသွားကြရန် တိုက်တွန်းထားသည့် နိုင်ငံလည်း ဖြစ်သည်။
အပို့ခံရသူစုစုပေါင်း ၈ ဦးရှိပြီး မြန်မာ၊ ကျူးဘား၊ လာအို၊ မက္ကစီကို၊ ဗီယက်နမ်နှင့် တောင်ဆူဒန်တို့မှ အမေရိကသို့ ရောက်နေကြသူများ ဖြစ်ကြောင်း အေပီ သတင်းတစ်ရပ်၌ ဖော်ပြထားသည်။
ထိုအထဲမှ မြန်မာနှစ်ဦးသည် လိင်မတော်မတရားမှုဖြင့် အကျဉ်းကျခံနေရသူ များဖြစ်ကာ ကျော်မြနှင့် ညိုမြင့်ဆိုသူတို့ဖြစ်သည်။ ကျော်မြသည် အသက် ၁၂ နှစ်အောက် ကလေးငယ်တစ်ဦးကို မတော်မတရားပြုမှုဖြင့် ထောင်ဒဏ် ထောင်ဒဏ် ၁၀ နှစ် ကျခံနေရသူ ဖြစ်သည်။
ညိုမြင့်မှာလည်း ဦးနှောက်ဖွံ့ဖြိုးမှု နိမ့်ကျသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျော် ကျခံနေရသူ ဖြစ်ကြောင်း အမေရိကန် ပြည်တွင်းလုံခြုံရေးဌာန၏ အချက်အလက်များအရ သိရသည်။