- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
မြန်မာအိမ်အကူအား သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ၏ မိခင်ကပါ နှိပ်စက်မှုစွဲချက်များအတွက် ဝန်ခံ
စင်္ကာပူနိုင်ငံတွင် အိမ်အကူ မြန်မာအမျိုးသမီးအား အသက်သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ၏ မိခင်က အဆိုပါနှိပ်စက်မှုတွင် သူမလည်း ပါဝင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဝန်ခံလိုက်သည်ဟု စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Nov 2022

ဓာတ်ပုံ - CAN
DMG | နိုဝင်ဘာ ၂၁
စင်္ကာပူနိုင်ငံတွင် အိမ်အကူ မြန်မာအမျိုးသမီးအား အသက်သေဆုံးသည်အထိ နှိပ်စက်ခဲ့သူ၏ မိခင်က အဆိုပါနှိပ်စက်မှုတွင် သူမလည်း ပါဝင်ခဲ့ကြောင်း နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဝန်ခံလိုက်သည်ဟု စီအန်အေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၂၄ နှစ်အရွယ် မြန်မာလူမျိုး အိမ်အကူ Piang Ngaih Don သည် ၁၄ လခန့် နေ့စဉ်ရက်ဆက် ဆိုသလို နှိပ်စက်ခံခဲ့ရပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် သေဆုံးခဲ့သည်။
ကန်ကျောက်ခြင်း၊ ခြေဖြင့်ဆောင့်နင်းခြင်းများအပြင် အစာငတ်ထားခြင်းပါ ခံခဲ့ရသော Piang Ngaih Don သည် သေဆုံးချိန်၌ ကိုယ်အလေးချိန် ၅၃ ပေါင်သာရှိကြောင်း သတင်းတွင် ဖော်ပြသည်။
သူမကို သေဆုံးသည်အထိ နှိပ်စက်မှုဖြင့် အိမ်ရှင်အမျိုးသမီးအား ၂၀၂၁ ခုနှစ်တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့သည်။
အိမ်ရှင်အမျိုးသမီး၏ မိခင်အား စွဲဆိုထားသော အမှု ၄၈ မှုကို မိခင်က ယနေ့ ဝန်ခံလိုက်ခြင်း ဖြစ်သည်။
မိခင်ဖြစ်သူ ကျူးလွန်ခဲ့သော လုပ်ရပ်များတွင် အိမ်အကူအား ရေဖြင့်ပက်ခြင်း၊ ထိုးကြိတ် ကန်ကျောက်ခြင်း၊ ပါးရိုက်ခြင်း၊ လည်ကုပ်မှဆွဲယူခြင်း၊ ဆံပင်မှဆွဲကာ တွဲလောင်းချပြီး သူမ၏ခေါင်းကို လှည့်ပတ်စေခြင်းများလည်း ပါဝင်သည်။
သူမသည် သီးခြားအခန်းတွင် နေထိုင်သူဖြစ်သော်လည်း တစ်ပတ်လျှင် သုံးရက်ခန့်စီ သမီးထံ အလည်လာလေ့ရှိပြီး ထိုသို့ လာရောက်ချိန်၌ သမီးသည် အိမ်အကူအား နှိပ်စက်လေ့ရှိသည်ကို မြင်တွေ့ခဲ့ရသည်။ နောက်ပိုင်းတွင် သူမကိုယ်တိုင် ပါဝင်နှိပ်စက်ခဲ့ခြင်း ဖြစ်သည်။