- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဆိုမားလီးယားတွင် ဟိုတယ်စီးနင်းခံရမှု အနည်းဆုံး ၁၂ ဦး သေဆုံး
ဆိုမားလီးယားမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံးကို အဲလ်ရှာဘက်လက်နက်ကိုင်များ ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၁၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Aug 2022

DMG ၊ ဩဂုတ် ၂၁
ဆိုမားလီးယားမြို့တော် မိုဂါဒစ်ရှူးရှိ ဟိုတယ်တစ်လုံးကို အဲလ်ရှာဘက်လက်နက်ကိုင်များ ဝင်ရောက်စီးနင်းမှုအတွင်း သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၁၂ ဦးအထိ ရှိသွားပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဲလ်ရှာဘက်အဖွဲ့သည် သောကြာနေ့ညက ဟာယက်ကိုတယ်ကို ကားဗုံးနှစ်စီး ဖောက်ခွဲပြီးနောက် စီးနင်းသိမ်းပိုက်ခဲ့သည်။ စနေနေ့ နံနက်ပိုင်းအထိ အစိုးရတပ်ဖွဲ့ဝင်များသည် ဟိုတယ်ကို ပြန်လည်သိမ်းပိုက်ရန် ကြိုးစားနေကြဆဲဖြစ်ကြောင်း မျက်မြင်များ၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဟာယက်ဟိုတယ်သည် လွှတ်တော်အမတ်များနှင့် အစိုးရအရာရှိများ တွေ့ရများသည့် နေရာတစ်ခုဖြစ်သည်။ သို့သော်လည်း လတ်တလောဖြစ်စဉ်တွင် အဆိုပါဟိုတယ်အတွင်း၌ မည်သူများရှိနေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ယခုတိုက်ခိုက်မှုသည် ရွေးကောက်ခံသမ္မတ ဟာဆန်ရှိတ်မိုဟာမက် ပြီးခဲ့သောမေလတွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့သည့် အကြီးကျယ်ဆုံး တိုက်ခိုက်မှုလည်း ဖြစ်သည်။
အဲလ်ရှာဘက်အဖွဲ့သည့် အဲလ်ကိုင်းဒါးအဖွဲ့နှင့် ဆက်စပ်နေသည့် လက်နက်ကိုင်အုပ်စု ဖြစ်သည်။ အစ္စလာမစ်စည်းမျှဉ်းစည်းကမ်းများဖြင့် နိုင်ငံကို အုပ်ချုပ်လိုသောအဖွဲ့ ဖြစ်ပြီး ဆိုမာလီအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်နေသည်မှာ ၁၅ နှစ်ခန့် ရှိနေပြီဖြစ်သည်။