- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၌ နျူကလီးယား ဆက်စပ်ကဏ္ဍများလေ့လာရန် ညှိနှိုင်းနေ
မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၌ နျူကလီးယားလက်နက်နှင့်ဆက်စပ်သည့် နည်းပညာများကိုပါ လေ့ကျင့်နိုင်ရန် ညှိနှိုင်းနေကြသည်။
02 Jan 2023
ဓာတ်ပုံ - The Guardian
ကြီးထွားလာနေသည့် မြောက်ကိုရီးယား နျူကလီးယားခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရေးအတွက် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့သည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ၌ နျူကလီးယားလက်နက်နှင့်ဆက်စပ်သည့် နည်းပညာများကိုပါ လေ့ကျင့်နိုင်ရန် ညှိနှိုင်းနေကြောင်း တောင်ကိုရီးယားသမ္မတက ပြောကြားလိုက်သည်။
“နျူကလီးယားလက်နက်တွေကတော့ အမေရိကန်ပြည်ထောင်စုရဲ့ လက်နက်တွေပါ။ ဒါပေမဲ့ အစီအစဉ်ချတာ၊ သတင်းအချက်အလက် မျှဝေတာ၊ လေ့ကျင့်တာနဲ့ သင်တန်းပေးတာတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးတွဲဆောင်ရွက်မှာပါ” ဟု သမ္မတ ယွန်းဆက်ယိုက ပြောကြားသည်။
ချုဆွန်းအီဘိုသတင်းစာနှင့် အင်တာဗျူးတစ်ရပ်တွင် သမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုစိတ်ကူးနှင့် ပတ်သက်၍ အမေရိကန်ဘက်ကလည်း အားတက်သရောရှိသည်ဟု သူကဆိုသည်။
အမေရိကန်က ဦးဆောင်ပြုလုပ်နေသည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် တိုက်ချင်းပစ်ဒုံးကျည်များ အသစ်ဖန်တီးထုတ်လုပ်ရန်နှင့် နျူကလီးယားတပ်ကို ပိုမိုအင်အားကောင်းအောင် ပြုလုပ်ရန် ခေါင်းဆောင်ကင်ဂျုံအန်းက ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယား အစိုးရပိုင်ရုပ်သံက ကြေညာခဲ့ပြီး နောက်တစ်ရက်၌ တောင်ကိုရီးယား သမ္မတက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို တစ်ကျော့ပြန် အဆင့်မြှင့်လာခြင်းသည် တောင်ကိုရီးယား၏ နျူကလီးယားအရေး ဆုံးဖြတ်ချက်များအပေါ် အငြင်းပွားစရာ ဖြစ်လာနေသည်ဟု သမ္မတကဆိုသည်။ သို့သော်လည်း တောင်ကိုရီးယားအတွက်မူ နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်ကို လိုက်နာရေးသည် အရေးကြီးဆဲ ဖြစ်သည်ဟုလည်း သူက ပြောကြားသည်။