- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ထိုင်းလူငယ်များ ဆန္ဒပြမှုသင်္ကေတအဖြစ် ကာတွန်းဇာတ်ကောင် ဟမ်းစတားအရုပ်ကို အသုံးတွင်ကျယ်
ထိုင်းနိုင်ငံတစ်ဝန်းတွင် လတ်တလောဖြစ်ပွားနေသည့် ဒီမိုကရေစီလိုလားသည့် ကျောင်းသားလှုပ်ရှားမှုတွင် ဂျပန်ကာတွန်းဇာတ်ကောင် “ဟမ်တာရို” ဆိုသည့်ဟမ်းစတားမှာ နိုင်ငံတစ်ဝန်းရှိ လူငယ်ထု၏ ထောက်ခံခြင်းကိုရရှိရန် နည်းလမ်းသစ်တစ်ရပ် ဖြစ်လာနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
03 Aug 2020

ထိုင်းနိုင်ငံတစ်ဝန်းတွင် လတ်တလောဖြစ်ပွားနေသည့် ဒီမိုကရေစီလိုလားသည့် ကျောင်းသားလှုပ်ရှားမှုတွင် ဂျပန်ကာတွန်းဇာတ်ကောင် “ဟမ်တာရို” ဆိုသည့်ဟမ်းစတားမှာ နိုင်ငံတစ်ဝန်းရှိ လူငယ်ထု၏ ထောက်ခံခြင်းကိုရရှိရန် နည်းလမ်းသစ်တစ်ရပ် ဖြစ်လာနေကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တက္ကသိုလ်နှင့် အထက်တန်းကျောင်းသားများသည် လွန်ခဲ့သည့် နှစ်ပတ်တာအတွင်း နေ့စဉ်နီးပါး ချီတက်ဆန္ဒပြခဲ့ကြသည်။ ၎င်းတို့၏တောင်းဆိုချက်များတွင် ပါလီမန်ဖျက်သိမ်းရေး၊ အစိုးရကိုဝေဖန်ခြင်းအတွက် ရက်စက်စွာနှိမ်နင်းမှု အဆုံးသတ်ရေးနှင့် နိုင်ငံရေးစနစ်ကို စစ်တပ်ဆက်လက်လွှမ်းမိုးနိုင်ရေး အထောက်အကူပြုနေသည်ဟု ဝေဖန်သူများက ထောက်ပြထားသည့် စစ်တပ်ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ ပါဝင်သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ဆန္ဒပြပွဲသုံးခုတွင် အများပြည်သူပိုင်နေရာများ၌ ကျောင်းသားများက အစိုးရသည် အခွန်ထမ်းပြည်သူများ၏ ငွေများကို အလဟဿ ဖြုန်းတီးပစ်နေကြောင်းနှင့် ဝန်ကြီးချုပ်ပရာယွတ်အားလည်း ပါလီမန်ဖျက်သိမ်းပေးရန် တောင်းဆိုသည့် အကြောင်းအရာများပါဝင်သည့် ကာတွန်းတေးသွားတို ပုံစံအသစ်လေးကို သံပြိုင်သီဆိုလျက် ဟမ်းစတားဘီးကဲ့သို့ စက်ဝိုင်းပုံပတ်ပြေးကာ သရုပ်ဖော်ခဲ့သည်။
“ဟမ်တာရိုကာတွန်းဟာ မနက်တိုင်း တီဗီမှာမြင်နေရတဲ့ ဇာတ်ကောင်ဖြစ်တာမို့ ကျွန်တော်တို့ကို အလွယ်တကူ ချိတ်ဆက်မိစေတာပါ” ဟု ဘဝသစ်ကွန်ရက် (New Life Network) ဟု အမည်ရသည့်အဖွဲ့မှ အသက်၂၀ အရွယ်လှုပ်ရှား တက်ကြွသူကျောင်းသားတစ်ဦးက ဆိုသည်။
ထိုင်းဆန္ဒပြပွဲများတွင် ကာတွန်းဇာတ်ကောင်အသုံးပြုမှုနှင့် ပတ်သက်ပြီး ဟမ်တာရို မူပိုင် ဂျပန်ထုတ်ဝေရေးကုမ္ပဏီ ရှိုဂါကူကန်းအား ရိုက်တာမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။
ကျောင်းသားအဖွဲ့များသည် ဆန္ဒပြပွဲများအတွက် နည်းလမ်းသစ်များရှာဖွေရန် လူမှုကွန်ရက်တွင် #Ideaformob ဆိုသည့် Hashtag မှတစ်ဆင့် သုံးခဲ့ကြကြောင်း ကျောင်းသားခေါင်းဆောင်များက ရိုက်တာကို ပြောကြားခဲ့သည်။