- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
ကလေးပန်းနာရင်ကြပ် ရောဂါများ၏ ၁၂ ရာခိုင်နှုန်းခန့် ဂက်စ်မီးဖိုဖြင့် ချက်ပြုတ်ခြင်းနှင့် ဆက်စပ်နေ
နေအိမ်များအတွင်း၌ ဂက်စ်မီးဖိုဖြင့် ချက်ပြုတ်ခြင်းသည် ကလေးပန်းနာရင်ကြပ် ဖြစ်မှုများ၏ ၁၂.၇ ရာခိုင်နှုန်းနှင့် ဆက်စပ်လျက်ရှိကြောင်း ပတ်ဝန်းကျင်လေ့လာရေး သုတေသနအဖွဲ့တစ်ဖွဲ့ က ထုတ်ပြန်ထားသည်။
07 Jan 2023
ဓာတ်ပုံ - AFP
DMG၊ ဇန်နဝါရီ ၇
နေအိမ်များအတွင်း၌ ဂက်စ်မီးဖိုဖြင့် ချက်ပြုတ်ခြင်းသည် ကလေးပန်းနာရင်ကြပ် ဖြစ်မှုများ၏ ၁၂.၇ ရာခိုင်နှုန်းနှင့် ဆက်စပ်လျက်ရှိကြောင်း ပြီးခဲ့သောလက ထွက်ရှိခဲ့သည့် International Journal of Environmental Research and Public Health စာစောင်တွင် ဖော်ပြချက်အရ သိရသည်။
ပတ်ဝန်းကျင်လေ့လာရေး သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Rocky Mountain Institute (RMI) က အဆိုပါလေ့လာချက်ကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ဂက်စ်မီးဖိုသည် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပေးပြီး အဆိုပါဓာတ်ငွေ့သည် ပန်းနာရောဂါ ဖြစ်ပွားမှု မြင့်တက်ခြင်းနှင့် ဆက်စပ်နေကြောင်း အစောပိုင်း လေ့လာချက်များတွင် တွေ့ရှိထားသည်။
အမေရိကန်နိုင်ငံတစ်ဝန်းရှိ မီးဖိုခန်းများ၏ ၃၅ ရာခိုင်နှုန်းခန့်တွင် ဂက်စ်မီးဖိုအသုံးပြုမှုများ ရှိနေသည်။ အမေရိကန်နိုင်ငံတစ်ဝန်းရှိ ပန်းနာရင်ကြပ်ရောဂါ ခံစားနေရသူ ကလေးငယ် ၆ သိန်းခွဲခန့်သည် အဆိုပါဂက်စ်မီးဖိုများနှင့်သာ နီးစပ်မှုမရှိခဲ့ပါက ရောဂါကို ရှောင်ရှားကောင်းရှောင်နိုင်ခဲ့မည်ဟု အဆိုပါလေ့လာချက်ကို ဦးဆောင်ခဲ့သူ ပညာရှင်တစ်ဦးဖြစ်သူ တေလာဂရွန်ဝေါ့ဒ်က ပြောသည်။
“ဂက်စ်မီးဖိုသုံးစွဲမှုဟာ ကိုယ့်အိမ်မှာ ဆေးလိပ်သောက်သူတစ်ယောက်နဲ့ အတူတူနေရခြင်းနဲ့ တော်တော်တူပါတယ်” ဟု သူက ထောက်ပြသည်။
ဂက်စ်မီးဖိုဖြင့် ချက်ပြုတ်သည့် နေအိမ်များရှိ ကလေးငယ်များ၏ ပန်းနာရင်ကြပ်ရောဂါ ဖြစ်ပွားမှုများကို လေ့လာရာ၌ အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ ပြည်နယ်ကိုးခု၏ ၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး လေ့လာခဲ့ခြင်း ဖြစ်သည်။
ယခုလေ့လာချက်သည် ၂၀၁၈ ခုနှစ်က သြစတြေးလျတွင် ပြုလုပ်ခဲ့သည့် လေ့လာချက်နှင့် ပုံစံတူ သုတေသန ထပ်မံပြုလုပ်ထားခြင်း ဖြစ်သည်။ ထိုစဉ်က လေ့လာချက်အရလည်း သြစတြေးလျတွင် ကလေးဘဝ ပန်းနာရောဂါ ဖြစ်ပွားမှုများ၏ ၁၂.၃ ရာခိုင်နှုန်းသည် ဂက်စ်မီးဖိုများနှင့် ဆက်စပ်နေသည်ကို တွေ့ရှိခဲ့ရသည်။