- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
တောင်တရုတ်ပင်လယ်အရေး တရုတ်နှင့် ဖိလစ်ပိုင်တို့ တိုက်ရိုက်ညှိနှိုင်းရေးလမ်းကြောင်း ဖွင့်မည်
ဖိလစ်ပိုင်သည် ရှေ့ပိုင်းကလည်း နှစ်ဘက်အငြင်းပွား ရေပြင်၌ တရုတ်တို့ စစ်ရေယာဉ်များ ကင်းလှည့်မှု၊ ဆောက်လုပ်ရေးများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားထားသည်။
05 Jan 2023
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် (အငယ်) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ဇန်နဝါရီလ ၄ ရက်နေ့က တရုတ်ပြည် ဘေကျင်းမြို့တွင် တွေ့ဆုံစဉ်။ / ဓာတ်ပုံ - ဖိလစ်ပိုင်ပြန်ကြားရေးရုံး။
DMG ၊ ဇန်နဝါရီ ၅
တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုများနှင့် ပတ်သက်၍ နှစ်ဘက် နိုင်ငံခြားရေးဝန်ကြီးဌာနများ အကြားတွင် တိုက်ရိုက် ဆက်သွယ်ရေးလမ်းကြောင်းများ ထားရှိပြီး ညှိနှိုင်းမှုများ ပြုလုပ်သွားရန် သဘောတူလိုက်ပြီဖြစ်ကြောင်း တရုတ်နှင့် ဖိလစ်ပိုင်တို့က ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည် နှစ်နိုင်ငံ ပူးတွဲကြေညာချက်တစ်စောင်၌ ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။
သဘောတူညီချက် ၁၄ ချက်ပါဝင်သည့် အဆိုပါ ပူးတွဲထုတ်ပြန်ချက်၌ လုံခြုံရေးတင်းမာမှုများကို လျှော့ချရန်နှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အချက်များ ပါဝင်သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်တို့၏ ပိုင်နက်သတ်မှတ်မှုများကို တရားမဝင်ကြောင်း ဖိလစ်ပိုင်ဘက်က သတ်မှတ်ထားသည့် ၂၀၁၆ ဥပဒေကို ဖိလစ်ပိုင်ဘက်က ပြန်လည်သုံးသပ်မှုများ ရှိလာပြီးနောက်တွင် နှစ်နိုင်ငံအကြား ယခုကဲ့သို့ သဘောတူညီချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဖိလစ်ပိုင်သည် ရှေ့ပိုင်းကလည်း နှစ်ဘက်အငြင်းပွား ရေပြင်၌ တရုတ်တို့ စစ်ရေယာဉ်များ ကင်းလှည့်မှု၊ ဆောက်လုပ်ရေးများ ဆောင်ရွက်နေမှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ထုတ်ဖော်ပြောကြားထားသည်။ အဆိုပါရေပြင်သည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ငါးလုပ်ငန်းဆိုင်ရာ သယံဇာတများ ပေါကြွယ်ဝသည့် နေရာဖြစ်သည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် (အငယ်) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဇန်နဝါရီလ ၄ ရက်နေ့က တရုတ်ပြည်ဘေကျင်းတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမှု၌ နှစ်နိုင်ငံ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုများကို အပြန်အလှန် အသိအမှတ်ပြုရန် သဘောတူခဲ့ကြကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။