ယူကေတွင် ကိုဗစ်ကူးစက်သူ သုံးပုံနှစ်ပုံမှာ ယခင်လူနာဟောင်းများ ဖြစ်နေ

ယူကေတွင် ကိုဗစ်-၁၉ လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ရာ၌ ဇန်နဝါရီလအတွင်း ကူးစက်ခံရသူများအနက် သုံးပုံနှစ်ပုံခန့်မှာ ယခင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By DMG 27 Jan 2022

ဓာတ်ပုံ - Al Jazeera

ယူကေတွင် ကိုဗစ်-၁၉ လေ့လာမှုတစ်ရပ် ပြုလုပ်ခဲ့ရာ၌ ဇန်နဝါရီလအတွင်း ကူးစက်ခံရသူများအနက် သုံးပုံနှစ်ပုံခန့်မှာ ယခင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရဖူးသူများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

Imperial College London က ဦးဆောင်ပြီး ဇန်နဝါရီလ ၅ ရက်မှ ၂၀ ရက်နေ့အထိ ကိုဗစ်လူနာ ၁ သိန်းခန့်အား လေ့လာမှုတစ်ရပ် ပြုလုပ်ရာခဲ့ရာတွင် သုံးပုံနှစ်ပုံ အရေအတွက်အထိမှာ ယခင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဖူးသူများ ဖြစ်နေသည်ကို တွေ့ရှိရခြင်း ဖြစ်သည်။ နောက်ထပ် ရ.၅ ရာခိုင်နှုန်းမှာလည်း ယခင်က ကိုဗစ်ရောဂါ ဖြစ်ကောင်းဖြစ်ခဲ့နိုင်ခြေရှိသူများ ဖြစ်သည်ကို တွေ့ရကြောင်း လေ့လာချက်အရ သိရသည်။

ယူကေတွင် အိုမီခရွန်ကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ ယခုလအစောပိုင်း၌ စံချိန်တင်ပမာဏအထိ ကူးစက်မှုရှိခဲ့ကြောင်းလည်း လေ့လာချက်အရ သိရသည်။

အိုမီခရွန်မျိုးကွဲသည် ယခင်ကူးစက်မှုများကြောင့် ခုခံအား ရှိထားသူများအနက် အချို့ဆီသို့လည်း ကူးစက်နိုင်ကြောင်း အထောက်အထားများ တွေ့ရသည်ဟု လေ့လာချက်တွင် ဖော်ပြသည်။

အိုမီခရွန်ကြောင့် ကူးစက်မှု မြင့်တက်လာသော်လည်း သေဆုံးမှုနှင့် ဆေးရုံတင်ကုသမှုများမှာ ယခင် ကိုဗစ်လှိုင်းများထက် ကျဆင်းခဲ့သည်။

ဇန်နဝါရီလအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှုကြောင့် အသက် ၅ နှစ်မှ ၁၁ နှစ်ကြားတွင် ကူးစက်မှုများ နှုန်းထား အမြင့်ဆုံးရှိခဲ့သည်။

အသက် ရ၅ နှစ်အထက်ပိုင်း လူကြီးများအကြား ကူးစက်မှုမှာ ၁၂ ဆအထိ မြင့်တက်မှုရှိသဖြင့် ဆေးရုံတက်ရောက် ကုသမှုများလည်း မြင့်တက်လာနိုင်ခြေ ရှိနေကြောင်း သုတေသန ပညာရှင်များက သတိပေးထားသည်။

ယူကေ၌ စံချိန်တင်ကူးစက်မှုသည် ဇန်နဝါရီလ ၅ ရက်နေ့တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းရက်များ၌ ကူးစက်မှု ကျဆင်းလာပြီး ပုံမှန်ပြန်ဖြစ်ခဲ့သည်။

ဗီဒီယိုများ