- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
စစ်ပွဲကာလ မည်မျှပင်ကြာကြာ ယူကရိန်းကို ထောက်ပံ့သွားမည်ဟု G7 အဖွဲ့ကြီး ကတိပြု
ရုရှားက နျူကလီးယားလက်နက် သုံးလာခဲ့လျှင်လည်း ပြင်းထန်သည့် နောက်ဆက်တွဲရလဒ်များ ရင်ဆိုင်ရမည်ဟု ခေါင်းဆောင်များ၏ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
14 Oct 2022

ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၄
စစ်ပွဲကာလ မည်မျှပင်ကြာမြင့်သည်ဖြစ်စေ ယူကရိန်းနိုင်ငံအား ထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ကမ္ဘာ့ထိပ်သီး ၇ နိုင်ငံ စုစည်းထားသည့် G7 အဖွဲ့ကြီးက အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကတိပြုလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရုရှားက နျူကလီးယားလက်နက် သုံးလာခဲ့လျှင်လည်း ပြင်းထန်သည့် နောက်ဆက်တွဲရလဒ်များ ရင်ဆိုင်ရမည်ဟု ခေါင်းဆောင်များ၏ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။
“ဘဏ္ဍာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ စစ်ရေး၊ သံတမန်ရေးနှင့် ဥပဒေရေးရာ အကူအညီများကို မိမိတို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်သလို အချိန်မည်မျှပင် ကြာမြင့်သည်ဖြစ်စေ ယူကရိန်းနိုင်ငံနှင့်အတူ ခိုင်ခိုင်မာမာ ရပ်တည်သွားမည်” ဟု G7 နိုင်ငံများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
နျူကလီးယားနှင့် ပတ်သက်ပြီး ရုရှား၏ တာဝန်မဲ့သည့် အပြောအဆိုများကိုလည်း G7 ခေါင်းဆောင်များက ဝေဖန်ခဲ့သည်။
ရုရှား၏ ဒုံးကျည်ပစ်ခတ်မှုများကိုလည်း ခေါင်းဆောင်များက ရှုတ်ချထားပြီး အရပ်သားများအား ထိုကဲ့သို့ ပစ်ခတ်တိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှုသင့်ကြောင်း မှတ်ချက်ပြုကာ “သမ္မတပူတင်နှင့် တာဝန်ရှိသူများအနေဖြင့် တာဝန်ခံမှုရှိလာအောင် မိမိတို့ ဆောင်ရွက်မည်”ဟုလည်း G7 ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
G7 အဖွဲ့ကြီးကို ကမ္ဘာ့ထိပ်သီး စီးပွားရေးနိုင်ငံကြီးများ ပူးပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ ပါဝင်သည်။