- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ယူကေအတွက် စပိုင်လုပ်ပေးသည်ဟု စွပ်စွဲခံထားရသူကို အီရန် ကြိုးပေးကွပ်မျက်
အသက် ၆၁ နှစ်အရွယ် အာဘာရီသည် ယခင်က အီရန်နိုင်ငံခြားရေးဌာန၏ ကာကွယ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီးဖြစ်သလို အမျိုးသားအထူးလုံခြုံရေးကောင်စီ၏ အတွင်းဝန်တစ်ဦးလည်း ဖြစ်သည်။
15 Jan 2023
ဗြိတိသျှသူလျှိုအဖြစ် စွပ်စွဲခံရပြီး ကြိုးပေးကွပ်မျက်ခံခဲ့ရသူ အာလီရီဇာအာဘာရီ။/ ဓာတ်ပုံ - AFP
ယခင် ကာကွယ်ရေးအရာရှိဟောင်း တစ်ဦးဖြစ်ပြီး ယူကေထောက်လှမ်းရေးအတွက် စပိုင်လုပ်ပေးသည်ဟု စွပ်စွဲခံထားရသူ ဗြိတိသျှ-အီရန် ပူးတွဲနိုင်ငံသား အာလီရီဇာအာဘာရီကို အီရန်အစိုးရက ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကွပ်မျက်လိုက်ကြောင်း တရားရေးဆိုင်ရာ အွန်လိုင်းသတင်းဌာန Mizan တွင် ဖော်ပြထားသည်။
“အကြီးအကျယ် အကျင့်ပျက်ခြစားမှု၊ သတင်းအချက်အလက်များ ပေါက်ကြားစေပြီး နိုင်ငံ၏ ပြည်တွင်းနှင့် ပြည်ပလုံခြုံရေးအတွက် အန္တရာယ်ဖြစ်စေမှု” တို့ဖြင့် အာဘာရီအား သေဒဏ်အမိန့်ချမှတ်ပြီးနောက် ကွပ်မျက်လိုက်ခြင်း ဖြစ်သည်။
အသက် ၆၁ နှစ်အရွယ် အာဘာရီသည် ယခင်က အီရန်နိုင်ငံခြားရေးဌာန၏ ကာကွယ်ရေးဆိုင်ရာ လက်ထောက်ဝန်ကြီးဖြစ်သလို အမျိုးသားအထူးလုံခြုံရေးကောင်စီ၏ အတွင်းဝန်တစ်ဦးလည်း ဖြစ်သည်။
အာဘာရီသည် ရေတပ်ကွပ်ကဲရေးအကြံပေး၊ ကာကွယ်ရေးဝန်ကြီးဌာန၏ သုတေသနစင်တာ အကြံပေးအဖွဲ့ ခေါင်းဆောင် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
“တရားခံ၏ တန်ဖိုး၊ အရေးပါမှု၊ ရန်သူက သူ့အပေါ် ယုံကြည်အားထားမှုတို့ကို ယခုအမှုအား ဗြိတိသျှထောက်လှမ်းရေးက တုံ့ပြန်သည့်ပုံစံများက ပြသနေသည်” ဟု Mizan သတင်းတွင် ဖော်ပြသည်။
အာဘာရီကို ပြစ်ဒဏ်ပေးမှုအား ဆိုင်းငံ့ထားရန် ဗြိတိန်က တောင်းဆိုခဲ့သလို ဤလုပ်ရပ်သည် “နိုင်ငံရေးအရတွန်းအားပေး” သည့် လုပ်ရပ်ဟုလည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းကလီဘာလီက ပြောကြားခဲ့သည်။
အာဘာရီသည် ၎င်း၏ အရေးပါသော ရာထူးများကြောင့် MI6 ဟု သိကြသည့် ဗြိတိန်ထောက်လှမ်းရေးဌာနအတွက် အခရာကျသည့် သူလျှိုတစ်ဦး ဖြစ်နေသည်ဟု အီရန်ထောက်လှမ်းရေးဌာန၏ ထုတ်ပြန်ချက်တစ်ခုကို ကိုးကားပြီး Mizan က ယခုသီတင်းပတ် အစောပိုင်းတွင် ဖော်ပြခဲ့သည်။
အီရန်သည် ပြီးခဲ့သော ဒီဇင်ဘာလကလည်း အစ္စရေးထောက်လှမ်းရေးအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ်စွဲခံထားရသူ လေးဦးကို ကွပ်မျက်ခဲ့သည်။