- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
ဖေ့စ်ဘုတ်ထံမှ မြန်မာအရာရှိများ၏ အချက်အလက်များရရှိရန် အပြည်ပြည်ဆိုင်ရာတရားရုံး ရှေ့နေများ ကြိုးပမ်း
မြန်မာစစ်တပ်နှင့် ရဲအရာရှိများ၏ ပို့စ်များနှင့် ဆက်သွယ်မှုအချက်အလက်များအား ဖေ့စ်ဘုတ်ကထုတ်ပြန်ပေးအောင် အမိန့်ချမှတ်ရန် အမေရိကန်တရားရုံးတစ်ခုသို့ ရှေ့နေများက တောင်းဆိုလိုက်သည်။
12 Jun 2020

မြန်မာစစ်တပ်နှင့် ရဲအရာရှိများ၏ ပို့စ်များနှင့် ဆက်သွယ်မှုအချက်အလက်များအား ဖေ့စ်ဘုတ်ကထုတ်ပြန်ပေးအောင် အမိန့်ချမှတ်ရန် အမေရိကန်တရားရုံးတစ်ခုသို့ ရှေ့နေများက တောင်းဆိုလိုက်သည်။
မွတ်ဆလင်လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ တရားစွဲဆိုထားသော ရှေ့နေများက ဇွန်လ ၈ ရက်နေ့၌ အမေရိကန်ပြည်ထောင်စုရှိ ကိုလံဘီယာ ပြည်နယ်တရားရုံးတွင် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်အရာရှိများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ “ဖေ့စ်ဘုတ်ပေါ်တွင် ဖော်ပြခဲ့သော၊ အကြမ်းရေးသားခဲ့သော၊ ဖြန့်ဝေခဲ့သော စာရွက်စာတမ်းများနှင့် ဆက်သွယ်မှုပုံစံများအားလုံး” ကို ဖေ့စ်ဘုတ်က ထုတ်ပြန်ပေးရန် တောင်းဆိုချက်တွင် ဖော်ပြထားသည်။
ဖေ့စ်ဘုတ်ကမူ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်ကို သိရှိကြောင်းနှင့် ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
ဖေ့စ်ဘုတ်ထံမှ အချက်အလက်တောင်းခံထားသည့် အရာရှိများအနက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကောင့်လည်း ပါဝင်သည်။
၂၀၁၈ ခုနှစ် သြဂုတ်လတွင် ဖေ့စ်ဘုတ်က အသုံးပြုခွင့်ရပ်ဆိုင်းခဲ့သည့် အရာရှိများနှင့် အဖွဲ့အစည်းများ၏ အကောင့် ၂၀ အတွက်လည်း အသေးစိတ်အချက်အလက်များ တောင်းခံထားသည်။
အရာရှိများ၏ ဖေ့စ်ဘုတ်ပို့စ်များတွင် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ရန်ကြံစည်သည့် အထောက်အထားများ ပါဝင်နိုင်ကြောင်း ICJ ရှေ့နေများက ဆိုသည်။
မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုများတွင် အမုန်းစကားများဖြန့်ဝေမှုအတွက် ဖေ့စ်ဘုတ်သည် မီးလောင်ရာလေပင့်သကဲ့သို့ ဖြစ်စေခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူများက ၂၀၁၈ ခုနှစ်တွင် ပြောကြားခဲ့သည်။
ဖေ့စ်ဘုတ်ကမူ အမုန်းစကားများ ဖြန့်ဝေခြင်းကို တားဆီးပိတ်ပင်မှုများ ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။