- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
မြန်မာကို ခရီးသွားအန္တရာယ် အဆင့် (၄) ရှိသည့် နိုင်ငံအဖြစ် အမေရိကန်အစိုးရ သတ်မှတ်
ကိုဗစ်ကပ်ဘေးနှင့်အတူ လူထုမငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ ရှိနေသဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက် Travel Advisory တွင် ဖော်ပြထားသည်။
17 Feb 2021

ကိုဗစ်ကပ်ဘေးနှင့်အတူ လူထုမငြိမ်သက်မှုနှင့် လက်နက်ကိုင်ပဋိပက္ခ ရှိနေသဖြင့် မြန်မာနိုင်ငံသို့ ခရီးမသွားကြရန် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက် Travel Advisory တွင် ဖော်ပြထားသည်။
မဖြစ်မနေလိုအပ်သည့် အမေရိကန်အစိုးရဝန်ထမ်းများ မှအပ သူတို့၏ မိသားစုဝင်များနှင့် အခြားဝန်ထမ်းများ ဆန္ဒရှိပါက ပြန်လာခွင့်ရှိသည်ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်မှုအား အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) က အန္တရာယ် အဆင့် (၄) အဖြစ် သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတွင်း အာဏာသိမ်းမှု ဖြစ်ပွားပြီး မြန်မာစစ်တပ်အား ကန့်ကွက်ဆန္ဒပြမှုများလည်း ပေါ်ပေါက်နေကာ ဆက်လက်ဖြစ်ပေါ်ဦးမည့် အနေအထားရှိသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ရှမ်းမြောက်၊ ကချင် ရခိုင်နှင့် ချင်းပြည်နယ်ရှိ နေရာအချို့တွင်လည်း ပဋိပက္ခများရှိနေပြီး မြေမြှုပ်မိုင်းများ၊ မပေါက်ကွဲဘဲ ကျန်နေသေးသည့် လက်နက်များကို သတိပြုရန် တိုက်တွန်းထားသည်။
ရခိုင်၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့တွင် လက်နက်ကိုင် ပဋိပက္ခများရှိနေပြီး အရေးပေါ်အခြေအနေ၌ ထိုနေရာများတွင်ရှိနေသော အမေရိကန်နိုင်ငံသားများအား ကူညီနိုင်ရန် အမေရိကန်အစိုးရအနေဖြင် ခွင့်ပြုချက်များ ရယူရာတွင် ကန့်သတ်ချက်များ ရှိကြောင်းလည်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အာဏာသိမ်းပြီး ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်အစိုးရအား ဖြုတ်ချခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒဖော်ထုတ်မှုများ အရှိန်မြင့်လာပြီးနောက် နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများလည်း ဖမ်းဆီးထိန်းသိမ်း ခံရခြင်းများ ရှိနေပြီး လက်ရှိအချိန်အထိ ၃၂၆ ဦးထက်မနည်း ထိန်းသိမ်းခံခဲ့ရကာ ၎င်းတို့အနက် ၃၀၃ ဦးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း အေအေပီပီ အဖွဲ့က ထုတ်ပြန်သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။