ပုဏ္ဏားကျွန်းတွင် စစ်ဘေးရှောင်တစ်ထောင်ကျော် ရေရှားပါးမှုနှင့်ကြုံနေရ

စစ်ဘေးရှောင်တစ်ထောင်ကျော် ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုဒဏ်ခံစားနေရသည်ဟု စခန်းတာဝန်ရှိသူများထံက သိရသည်။

By ကျော်သူဌေး 25 Apr 2020

စေတီပြင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ စခန်းနှင့် ၂ မိုင်ခန့်ဝေးသည့်နေရာများသို့ ရေခပ်သွားနေကြစဉ်။ (ဓာတ်ပုံ : နှင်းခါး - နန်းမြို့)

ကျော်သူဌေး | DMG
ဧပြီ ၂၅၊ ပုဏ္ဏားကျွန်း

စစ်ဘေးရှောင်တစ်ထောင်ကျော် ခိုလှုံနေသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီပြင်ကျေးရွာ စစ်ဘေးရှောင်စခန်းတွင် ရေရှားပါးမှုဒဏ်ခံစားနေရသည်ဟု စခန်းတာဝန်ရှိသူများထံက သိရသည်။

စေတီပြင်ကျေးရွာတွင် ဧပြီလ ၁ ရက်နေ့က စတင်ရေရှားပါးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စစ်ဘေးရှောင်များမှာ စခန်းနှင့်၂ မိုင်ခန့်ဝေးသည့်ကျေးရွာများရှိ ရေတွင်းများနှင့် ကားလမ်းဘေးတွင် တူးဖော်ထားသည့် ရေကန်များမှ ရေများကို ခပ်ယူသုံးစွဲနေရသည်။ တစ်ရက်လျှင် အိမ်ထောင်စုတစ်စုသည် ရေနှစ်ဗူးသာရရှိသည်ဟု စခန်းတာဝန်ခံ ဦးသုဝဏ္ဏစက္က(ကိုယ်တော်နှင်းခါး)က မိန့်သည်။

“ရေရှားပါးမှုက အဓိက ပြဿနာဖြစ်နေတယ်။ အနီးအနားရွာတွေမှာ ရေကန်တွေရှိတယ်။ လမ်းလုပ်တုန်းက တူးပေးခဲ့တဲ့ ရေကန်တွေရှိတယ်။ အဲဒီကနေပြီးတော့ တတ်နိုင်ရင် ကားတွေငှားပြီးတော့ သွားခပ်တယ်။ ကိုယ့်ဘာသာကို လက်ဆွဲပြီးတော့ ရေဗူးတွေနဲ့သွားခပ်ရတာရှိတယ်” ဟု ကိုယ်တော်က မိန့်သည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရေအခက်အခဲအပြင် အိုး၊ခွက်၊ပန်းကန်များ လုံလောက်မရှိပေ။ ထို့ပြင် တခြားလူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများလည်း လိုအပ်သည်ဟု ဦးသုဝဏ္ဏစက္ကက မိန့်သည်။

“သူတို့ရွာကနေပြီးထွက်ပြေးလာတဲ့အခါ ကိုယ့်မှာဝတ်ထားတဲ့ အဝတ်တစ်စုံပဲပါတယ်။အဲလိုထွက်ပြေးလာတဲ့ လူတွေလည်း အများကြီးဆိုတော့ ပန်းကန်တွေ၊ အိုးတွေ၊ ခွက်တွေကလည်း အဝေးကြီးပေါ့။ ဘာဆိုဘာမှ မပါတာ။ ဒီရွာကို ရောက်လာတာဆိုတော့ ဒီရွာမှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ဝေငှပြီး သုံးနေရတယ်” ဟု ကိုယ်တော်က မိန့်သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်ရန်အတွက် လူထူထပ်သည့်နေရာများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ သို့သော် စစ်ဘေးရှောင်များမှာ ထမင်းချက်ပြုရန်၊ ရေချိုးရန်အတွက် လူစုလူဝေးများဖြင့် ရေခပ်နေကြရသည်။

မတ်လ ၁၈ ရက်နေ့က ကျေးရွာအနီးများတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပေါက်တောပြင်၊ အောင်ဘောင်တော်၊ ဖက်ကျ၊ ပိန္နဲတော စသည့်ကျေးရွာမှ ဒေသခံတစ်ထောင်ကျော်မှာ စေတီပြင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် တစ်သိန်းငါးသောင်းကျော် ရှိနေပြီး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်အခက်အခဲများနှင့် ကြုံတွေ့နေရသည်။

(စေတီပြင်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များ စခန်းနှင့် ၂ မိုင်ခန့်ဝေးသည့်နေရာများသို့ ရေခပ်သွားနေကြစဉ်။ ရုပ်သံ - နှင်းခါး - နန်းမြို့)

န်းကန်တွေ၊ အိုးတွေ၊ ခွက်တွေကလည်း အဝေးကြီးပေါ့။ ဘာဆိုဘာမှ မပါတာ။ ဒီရွာကို ရောက်လာတာဆိုတော့ ဒီရွာမှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ ဝေငှပြီး သုံးနေရတယ်” ဟု ကိုယ်တော်က မိန့်သည်။

ဗီဒီယိုများ