တရုတ်ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ကျောက်ဖြူပင်လယ်ပြင်တဝိုက်တွင် ရေထုညစ်ညမ်းမှုများ ဖြစ်လာပါက မည်သူတို့မှ တာဝန်ယူဖြေရှင်းကြမည်နည်း

ကျောက်ဖြူ မဒေးကျွန်းဧရိယာအတွင်း ပင်လယ်ပြင်ရေထုမှာ သုံးမိုင်ကျော်အထိ ညစ်ညမ်းနေသည်ဟု တွေ့ရှိသဖြင့် ဒေသအာဏာပိုင်များနှင့် တရုတ် CNPC ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံစမ်းစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

02 Aug 2018

ကျောက်ဖြူ မဒေးကျွန်းဧရိယာအတွင်း ပင်လယ်ပြင်ရေထုမှာ သုံးမိုင်ကျော်အထိ ညစ်ညမ်းနေသည်ဟု တွေ့ရှိသဖြင့် ဒေသအာဏာပိုင်များနှင့် တရုတ် CNPC ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ စုံစမ်းစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

ကျောက်ဖြူမဒေးကျွန်းသည် နိုင်ငံတကာရေနံတင်သေင်္ဘာများ ဝင်ထွက်သွားလာနေသည့် ပင်လယ်လမ်းကြောင်း တစ်ခုဖြစ်နေသလို  မြန်မာနိုင်ငံအလယ်ပိုင်းကိုဖြတ်သန်းကာ ကုန်းတွင်းပိုက်လိုင်းများဖြင့်  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရေနံစိမ်းများ တင်ပို့နိုင်ရန်အတွက် သိုလှောင်ကန်များ အမြားအပြား တည်ရှိနေသည့် နေရာတစ်ခုလည်းဖြစ်နေသည်။

တစ်ဖက်တွင် ဒေသခံများ တနိုင်တပိုင် ရေလုပ်ငန်းများနှင့် အနီးဝန်းကျင်တွင် ပုစွန်၊ ငါးမွေးမြူရေး ကန်များလည်း ရှိနေပေသည်။ တချိန်က ဤဒေသသည် သားငါးသယံဇာတပေါကြွယ်ဝပြီး သာယာလှပသော ကျောက်ဖြူပင်လယ်ရေပြင်သည် ရေထုညစ်ညမ်းလာပြီဆိုသည့် ခေါင်းလောင်းကို အချိန်တိုအတွင်း ထိုးလေပြီလားဟု မှတ်ယူရပေမည်။

ဒေသခံများ၏ အဆိုအရ ဤဖြစ်ရပ်သည် ရေနံသိုလှောင်သည့် တိုင်ကီ/ကန်များက အညစ် အကြေးများကို ဆေးကြောပြီး ယင်းမဒေးကျွန်းမှ ဒေသခံများအိပ်နေသည့် ညဉ့််အချိန်တွင် မြစ်ထဲ/ ပင်လယ်ပြင်ထဲသို့ စွမ့်ပစ်ချသည်ဟု သတင်းများထွက်ပေါ်နေသည်။ ဤသတင်း သေချာ/ မသေ ချာကိုတော့ သက်ဆိုင်ရာအာဏာပိုင်များနှင့် တရုတ် CNPC ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုများက အမြန် ဆုံး စစ်ဆေးဖော်ထုတ်ပေးရန် လိုအပ်ကြောင်းကိုလည်း ဒေသခံများက ပြောဆိုနေကြသည်။

နောက်တစ်ခုက ကျောက်ဖြူမဒေးဆိပ်ကမ်းသို့ အရှေ့အလယ်ပိုင်းနိုင်ငံများမှာ ရေနံစိမ်းများ တင် ဆောင်လာသည့် ဧရာမရေနံတင် သင်္ဘောကြီးများမှ စွန့်ပစ်လိုက်သည့် အညစ်အကြေးများကြောင့် လည်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေးနေကြသည်။ မည်သို့ပင်ဆိုစေ ဤဖြစ်ရပ်မှာ တရုတ်ရေနံပိုက် လိုင်း စီမံကိန်းကြောင့် အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်ဆိုပါက ရေနေသတ္တဝါများအပြင် ဒေသခံလူထု အတွက်ပါ အဆိပ်ဖြစ်ကာ ကျန်းမာရေးအရ အန္တရာယ်ဖြစ်လာနိုင်ပြီး ဒေသတွင်း သဘာဝပတ်ဝန်း ကျင်များကိုပါ များစွာထိခိုက်လာနိုင်သည်။

ထို့ကြောင့် ယခုဖြစ်ရပ်အတွက် တာဝန်ယူမှု မရှိသေးသော်လည်း နောင်လာမည့်ဖြစ်ရပ်များ မဖြစ် ပေါ်ရအောင် တာဝန်ယူဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ထိန်းသိမ်းကြတ်မတ်သင့်ပြီး အလားတူဖြစ်ရပ်များ မဖြစ်ပေါ်ရအောင် ကြိုတင်ပြင်ဆင်မှုများ အချိန်မီပြုလုပ်သင့်ပါကြောင်း ရခိုင်ပြည်သူများကိုယ်စား ကျွန်တော်တို့ Development Media Group (DMG) မှ နှိုးဆော် တိုက်တွန်းလိုက်ရပေသည်။

ဗီဒီယိုများ