ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအရ တင်းမာနိုင်သည့် ကိစ္စများကို သတိထားစေလို

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ညက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သော လူထုဆန္ဒဖော်ထုတ်မှုတွင် လုံခြုံရေးတပ်ဖွဲ့များက ကြမ်းတမ်းစွာဖြေရှင်းခဲ့သည့်အတွက် ရခိုင်လူငယ် (၇)ဦး သေဆုံးပြီး (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်မှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ကောင်းလှပေသည်။ ထိုနည်းတူ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် လူအများလေးစားအားထားသော စာရေးဆရာ ဝေဟင်အောင်အား ဖမ်းဆီးထိန်းသိမ်းခြင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် ရခိုင်အမျိုးသားခေါင်းဆောင် ဒေါက်တာအေးမောင်အား ဖမ်းဆီးခြင်းများ ဖြစ်ပေါ်ခဲ့သည်မှာလည်း ရခိုင်ပြည်သူများ၏ စိတ်ဒေါသအား ဆွပေးနေသည်နှင့်တူနေသည်။ နိုင်ငံရေးတောင်းဆို လှုပ်ရှားမှု အုံကြွမှုကြီးကို ဖန်တီးရာရောက်နေပေသည်။

20 Jan 2018

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ ဘင်္ဂလီများအကြမ်းဖက်မှု၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့၏ စစ်ပွဲများဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်နေခဲ့ပြီး နိုင်ငံတကာ၏ဖိအားကို အရပ်သားအစိုးရအနေဖြင့် ရင်ဆိုင်နေရပေသည်။ ယခု ၂၀၁၈ နှစ်ဦးပိုင်းတွင် မြန်မာအစိုးရအနေဖြင့် နိုင်ငံရေးအရ ဂုဏ်သိက္ခာအကြီးအကျယ်ကျနိုင်သည့် မြောက်ဦးဖြစ်စဉ်ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ဝေဖန်ထောက်ပြမှုများကို ခံခဲ့ရပေသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အဆိုးဝါးဆုံးမှာ လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်နှိမ်နင်းမှုများကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရသူများကို နိုင်ငံသားနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး၊ လူ့အခွင့်အရေးရှုဒေါင့်မှ ဖြေရှင်းရန် မကြိုးစားဘဲ အခင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဆက်လက်အရေးယူရန် လုပ်ဆောင်နေခြင်းသည် နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ပဋိပက္ခဖြေရှင်းနည်းမှာ လမ်းကြောင်းလွဲနေသည်ကို တွေ့ရသည်။ စင်စစ်အားဖြင့် အခင်းဖြစ်စဉ်တွင်ပါဝင်သူများကို အကြမ်းဖက်ဖြိုခွင်းခြင်းနှင့်ပတ်သက်၍ အမှန်တရားနှင့် တရားမျှတမှုကို ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် လုံးပမ်းရမည်ဖြစ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့များကို ခုံရုံးဖွဲ့စစ်ဆေးခြင်းထက် အခင်းဖြစ်ပွားမှုဖြစ်စဉ်အား အသေးစိပ် စုံစမ်းစစ်ဆေးနိုင်ရန် အခင်းဖြစ်စဉ်တွင် ပါဝင်သူများအား စိုးရိမ်ကြောင့်ကြစိတ်မရှိဘဲ ဖြေရှင်းခွင့်များရှိလာအောင် ဖန်တီးပေးသည့် ပတ်ဝန်းကျင်မရှိသဖြင့် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှုကိုဖော်ဆောင်ရန် ခက်ခဲနိုင်ပေသည်။

ဤသို့ဆိုလျှင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးမငြိမ်သက်မှုများ၊ လူထုအုံကြွဆန္ဒဖော်ထုတ်မှုများ ဖြစ်လာနိုင်သည့် အခြေအနေရှိနိုင်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းဖော်ဆောင်မှုများသည် အချည်းနှီးသာ ဖြစ်နိုင်ဖွယ်ရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးမတည်ငြိမ်မှု ဖြစ်နေမှုများနှင့် ဖြစ်နိုင်ခြေရှိသည်များကို အချိန်မီထိန်းသိမ်းနိုင်ရေးအတွက် ဖြစ်ပွားခဲ့သည့်ကိစ္စများကို ပြန်လည်သုံးသပ်ပြီး အမှန်တရားနှင့် တရားမျှတမှုများကို ဖော်ဆောင်ပေးနိုင်ရေးအတွက် နိုင်ငံရေးအကျပ်အတည်းများကို ဖြေလျှော့ပေးနိုင်သော လုပ်ငန်းစဉ်များကို ဦးစားပေးထည့်သွင်းစဉ်းစား ဆောင်ရွက်သင့်ပါကြောင်း အကြံပြုတိုက်တွန်းအပ်ပေသည်။

#Editorial/DMG#20.1.2018

ဗီဒီယိုများ