ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်၊ ညီမဖြစ်သူ မမိုးနှင်းဖြူ လင်မယားနှစ်ဦးအပါအဝင် ဖမ်းဆီးခံထားရသူ ၁၀ ဦးကို ဇွန်လ ၉ ရက်နေ့မှာ ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင်တရားရုံးက ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအမှုနဲ့ပတ်သက်လို့ တရားလိုဖက်က အမှုရုပ်သိမ်းခွင့်လျောက်ထားတာကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က သဘောတူတာကြောင့် အခုလို လွှတ်ပေးခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်က ပြောပါတယ်။

Author: DMG