- စစ်ကောင်စီ လက်နက်ကြီးကြောင့် ပုဏ္ဏားကျွန်းဒေသခံ ထောင်နှင့်ချီ ထပ်မံ စစ်ရှောင်ရ
- စစ်ကောင်စီ ပိတ်ဆို့ထား၍ ကျောက်ဖြူတွင် ခရီးသည် ၃၀၀ ခန့် သောင်တင်နေ
- ရခိုင်ရေပြင်တွင် ငါးဝင်ဖမ်းသည့် ငါးဖမ်းသမား ၁၂၂ ဦးအထိ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ဖမ်းဆီး
- ကျောက်ဖြူတွင် ကမ်းခြေနှင့် မီတာတစ်သောင်းအကွာရှိ စစ်သင်္ဘောတစ်စီးကို AA ပစ်ခတ်ဖျက်ဆီး
- စစ်ကောင်စီ တန်ပြန်ထိုးစစ်များနှင့် တော်လှန်ရေး အရွေ့
ဇရပ်ပြင် အထက ဘောလုံးကွင်းကို ရွာချင်းဆက်လမ်းဖောက်လုပ်ထားမှု အလိုမရှိ
ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် ဇရပ်ပြင်အုပ်စု ဇရပ်ပြင်ကျေးရွာ အထက စာသင်ကျောင်းရှေ့က ဘောလုံးကွင်းကို သရက်ချိုအုပ်စုနှင့် ဇရပ်ပြင်အုပ်စုသို့ ဆက်သွယ်မည့် ရွာချင်းချက်လမ်း ဖောက်လုပ်ထားမှုကို ဆရာ၊ ဆရာမများက အလိုမရှိကြောင်း သိရသည်။
08 Apr 2018
(ဇရပ်ပြင်ကျေးရွာ အထက စာသင်ကျောင်းရှေ့က ဘောလုံးကွင်းကို သရက်ချိုအုပ်စုနှင့် ဇရပ်ပြင်အုပ်စုသို့ ဆက်သွယ်မည့် ရွာချင်းချက်လမ်း ဖောက်လုပ်ထားမှုကိုတွေ့ရစဉ်။ ဓါတ်ပုံ - အောင်ကောင်းဇော်၊ DMG)
ဧပြီလ ၈ ရက်၊ ၂၀၁၈ ခုနှစ်။ ။ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ် ဇရပ်ပြင်အုပ်စု ဇရပ်ပြင်ကျေးရွာ အထက စာသင်ကျောင်းရှေ့က ဘောလုံးကွင်းကို သရက်ချိုအုပ်စုနှင့် ဇရပ်ပြင်အုပ်စုသို့ ဆက်သွယ်မည့် ရွာချင်းချက်လမ်း ဖောက်လုပ်ထားမှုကို ဆရာ၊ ဆရာမများက အလိုမရှိကြောင်း သိရသည်။
အဆိုပါ ရွာချက်လမ်းမှာ လေးတောင်တိုက်နယ် ကားလမ်းမကြီးအဖြစ် အသုံးပြုမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဘောလုံးကွင်းကိုဖျက်စီးလိုက်သလို၊ ကားများဖြတ်သန်းသွားလာမှု၏ ဆူညံ့သံကြောင့် စာသင်ကြားခြင်းကို အနှောက်အယှက်ဖြစ်သည်ဟု ဇရပ်ပြင် အထကကျောင်းသားဟောင်းများအသင်း ဒုတိယ အတွင်းရေးမှူး ဆရာ ဦးမောင်ကြည်က ပြောသည်။
“ လမ်းကို အကြောင်းပြပြီး ဘောလုံးကွင်းကို ဖျက်စီးလိုက်တာဟာ မကောင်းဘူးထင်တယ်။ အခုခေတ်က ပညာရေးဆို ဒါဟာ အားကစားနဲ့ ပါဝင်ပတ်သက်မှုရှိနေတယ်။ အခု ဘောလုံးကစားထွက်မယ်ဆို ကျောင်းသူ ကျောင်းသားများအနေနဲ့ ကားလမ်းကို ဖြတ်ကူးနေရတယ်။ အန္တရာယ်ရှိနေတယ်။ အခုလက်ရှိစာသင်ကြား ချိန်မှာဆို ကားတွေ သွားလာနေပြီး ဆူညံမှုတွေရှိနေတယ်။ အဲဒါကြောင့် ဒီလမ်းကို ဒီနေရာက မဖောက် စေချင်ဘူး။ ပညာရေးမှူးကို တင်ပြထားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဖြစ်ပြီးကိစ္စကို ထားလိုက်တော့ဆိုတဲ့ သဘောရှိနေတယ် ဘာမှမလုပ်ပေးကြဘူး။ ဒါကြောင့် အစိုးရအနေနဲ့ ယခင် အရှေ့ဖက်မှလမ်းအတိုင်း လုပ်ပေးစေချင်တယ်။ ” ၎င်းက ပြောသည်။
အဆိုပါ ဘောလုံးကွင်းနှင့် စာသင်ကျောင်းမှာ ကောင်စီခေတ်ကတည်းက ကပ်လျက်တွဲ၍ရှိနေခဲ့ပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ဘောလုံးကွင်းလမ်းအဖြစ် ၆ ပေ ဖောက်လုပ်ထားမှုကို ၂၀၁၆ ခုနှစ် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနက ယခင်လမ်းအတိုင်း မလုပ်ဘဲ ဘောလုံးကွင်းလယ်မှ ၆ ပေ ကားလမ်းမကြီး ဖောက်လုပ်ထားခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဇရပ်ပြင်ကျောင်းအုပ်ဆရာကြီးက တားမြစ်စာတင်ပြခဲ့သော်လည်း မရရှိခဲ့ကြောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးမောင်ရီက ပြောသည်။
“ အခု ဘောလုံးကွင်းအလည် တည့်တည့်က ဖောက်ထားတယ်။ ကလေးကစားကွင်းအတွက်လဲ အဆင်မပြေဘူး။ လူကြီးကစားကွင်းအတွက်လဲ အဆင်မပြေဘူး။ ကျောင်းအတွက်လဲ အဆင်မပြောဘူး။ ဒါကို အစိုးရက အားကစားကွင်းကို ထိန်းသိမ်းတဲ့အနေနဲ့ အရင်းလမ်းဟောင်းအတိုင်း ပြန်လည်ဖောက်လုပ် ပေးစေချင်တယ်။ ” ဟု ဦးမောင်ရီက ပြောသည်။
ဇရပ်ပြင် အထက ကျောင်းရှေ့ ဘောလုံးကွင်းအပြင် နောက်ထပ် လူကြီးကစားသည့် ဘောလုံးကွင်းလည်းရှိပြီး ဘောလုံးကွင်းနှစ်ခုစလုံးမှာ ဘောလုံးကန်ရန် အခက်အခဲရှိနေသလို ဈေးဝယ်လာသည့် ကားများကြောင့် စာသင်ကြားမှုကို ထိခိုက်သည်ဟု ဇရပ်ပြင်အထကကျောင်းမှ ဆရာ၊ ဆရာမများက ပြောဆိုကြသည်။