- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
အီရန်သံအမတ်ကို သြစတြေးလျက နိုင်ငံမှ နှင်ထုတ်
သြစတြေးလျနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးအား သြစတြေးလျအစိုးရက နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့တွင် ဖြစ်ပွားခဲ့သည့် ဂျူးဆန့်ကျင်ရေး မီးရှို့မှုများနောက်ကွယ်တွင် အီရန်သံအမတ်ကြီး ရှိနေသည်ဟု စွပ်စွဲပြောကြားပြီး ယခုကဲ့သို့ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။
27 Aug 2025

သြစတြေးလျနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးအား သြစတြေးလျအစိုးရက နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့တွင် ဖြစ်ပွားခဲ့သည့် ဂျူးဆန့်ကျင်ရေး မီးရှို့မှုများနောက်ကွယ်တွင် အီရန်သံအမတ်ကြီး ရှိနေသည်ဟု စွပ်စွဲပြောကြားပြီး ယခုကဲ့သို့ နှင်ထုတ်လိုက်ခြင်း ဖြစ်သည်။
အီရန်သံအမတ်ကြီး အာမက်ဆာဒီဂီအား "ဆီလျော်အပ်စပ်သူမဟုတ်" ဟု သတ်မှတ်ပြီး ဆာဒီဂီအပါအဝင် နောက်ထပ် အီရန်ဝန်ထမ်းသုံးဦးအား နိုင်ငံမှ ခုနစ်ရက်အတွင်း ထွက်ခွာရန် သြစတြေးလျအစိုးရက ညွှန်ကြားထားသည်။
အီရန်သည် သြစတြေးလျတွင် ဂျူးဆန့်ကျင်ရေး တိုက်ခိုက်မှု အနည်းဆုံး နှစ်ခုကို စီစဉ်ညွန်ကြားခဲ့သည်ကို ထောက်လှမ်းရေးက သိခဲ့ရသည်ဟု သြစတြေးလျဝန်ကြီးချုပ် အန်ထော်နီ အယ်ဘန်းနစ်က သြဂုတ်လ ၂၆ ရက်နေ့တွင် ပြောကြားသည်။
တိုက်ခိုက်မှုများအတွင်း ဒဏ်ရာရသူ တစုံတယောက် ရှိသည်ဆိုသော သတင်းများတော့ မထွက်ခဲ့ပေ။
"ဒီတိုက်ခိုက်မှုတွေဟာ လူ့အသိုင်းအဝိုင်း သဟဇာတဖြစ်ရေးကို အလေးမထားသလို ကျွန်တော်တို့ အသိုင်းအဝိုင်းမှာ သဘောထားကွဲလွဲမှုတွေ ထွက်ပေါ်လာအောင် ကြိုးပမ်းတာလည်း ဖြစ်ပါတယ်" ဟု ဝန်ကြီးချုပ်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ယခုဖြစ်ရပ်သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းတွင် သြစတြေးလျ၌ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြား သံအမတ်ကြီးတစ်ဦးကို နိုင်ငံမှ နှင်ထုတ်ခြင်းလည်း ဖြစ်သည်။
သြစတြေးလျသည် အီရန်နိုင်ငံဆိုင်ရာ မိမိတို့သံအမတ်ကိုလည်း ပြန်လည်ခေါ်ယူထားသလို တီဟရန်ရှိ သံရုံးလုပ်ငန်းများကိုလည်း ရပ်ဆိုင်းထားသည်ဟု ဝန်ကြီးချုပ်အယ်ဘန်းနစ်က ပြောကြားသည်။
အီရန်တွင် သြစတြေးလျသံရုံးကို ၁၉၆၈ ခုနှစ်တည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။