- စစ်ကောင်စီသည် နာမည်သစ်ဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်ရန် ကြိုးပမ်းနေ
- အိုကီနာဝါကျွန်းအနီး အမေရိကန်စစ်ရေယာဉ်ပေါ် မီးလောင်မှု ၁၂ နာရီခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရ
- ငါးဖမ်းခွင့် ပိတ်ထားသဖြင့် ကျောက်ဖြူမြို့ခံများ စားဝတ်နေရေး အခက်ကြုံ၊ ငါးရှာသူများကို စစ်ကောင်စီ ရိုက်နှက်
- အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် ကုန်သည် ရာနှင့်ချီ ပိတ်မိနေ
- လမ်းဆုံလမ်းခွမှ ကျောက်ဖြူ-ရခိုင်ပြည်၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာ့မျှခြေ အရွေ့
အိန္ဒိယနယ်စပ်တွင် အလုပ်သမားစရိတ် မြင့်တက်နေသဖြင့် ရခိုင်ကုန်သည်များ ညဉ်းညူ
"အိန္ဒိယနယ်စပ် လောင်တလိုင်မှာ ကုန်တင်ကုန်ချလုပ်ကြတဲ့ အလုပ်သမားတွေက လိုင်လူငယ်အစည်းအရုံး (CYLA)နဲ့ပေါင်းပြီး စရိတ်တွေ အရင်ထက် နှစ်ဆတိုးတောင်းလာကြတာ" ဟု အိန္ဒိယမှ ကုန်ပစ္စည်းသယ်ယူနေသည့် ရခိုင်ကုန်သည်တစ်ဦးက DMG ကို ပြောသည်။
26 Jun 2025

DMG ၊ ဇွန် ၂၆
အိန္ဒိယနိုင်ငံအတွင်းမှ ကုန်စည်များကို ရခိုင်သို့တင်သွင်းရာတွင် မီဇိုရမ်ပြည်နယ်အတွင်း ကုန်တင်ကုန်ချ အလုပ်သမားစရိတ် အဆမတန်မြင့်တက်လာနေကြောင်း ရခိုင်ကုန်သည်များက ပြောသည်။
"အိန္ဒိယနယ်စပ် လောင်တလိုင်မှာ ကုန်တင်ကုန်ချလုပ်ကြတဲ့ အလုပ်သမားတွေက လိုင်လူငယ်အစည်းအရုံး (CYLA)နဲ့ပေါင်းပြီး စရိတ်တွေ အရင်ထက် နှစ်ဆတိုးတောင်းလာကြတာ" ဟု အိန္ဒိယမှ ကုန်ပစ္စည်းသယ်ယူနေသည့် ရခိုင်ကုန်သည်တစ်ဦးက DMG ကို ပြောသည်။
ယခင်က ကုန်သွယ်မှုပြုရာတွင် ကားအငယ်တစ်စီးအတွက် ကုန်တင်ကုန်ချ အလုပ်သမားစရိတ်မှာ အိန္ဒိယရူပီငွေ ၁,၅၀၀ (ကျပ်ငွေ ၇၅,၀၀၀) ဝန်းကျင်ရှိခဲ့ရာမှာ အခုအခါ ရူပီငွေ ၃,၀၀၀ (ကျပ်ငွေ ၁၅,၀၀၀၀) အထိ ပေးနေရကြောင်း ကုန်သည်များထံမှ သိရသည်။
ကားအကြီးတစ်စီးကို ကုန်တင်ကုန်ချအလုပ်သမားစရိတ်မှာ ယခင်က ရူပီငွေ ၃,၀၀၀ (ကျပ် ၁၅၀,၀၀၀) ရှိခဲ့ရာမှ အခုအခါ ရူပီငွေ ၆,၀၀၀ (ကျပ် ၃၀၀,၀၀၀)အထိ တိုးမြင့်နေခြင် းဖြစ်သည်။
လက်ရှိမှာ မိုးတွင်းကာလ ကျရောက်လာသဖြင့်လည်း အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းတွင် တောင်ပြိုမှုများ၊ လမ်းပိုင်းမှုများ မကြာခဏဖြစ်နေကြောင်းလည်း ကုန်သည်များကပြောသည်။
ယင်းကြောင့် ပုံမှန်အခြေအနေတွင် ၃ နာရီခန့် သွားရသည့်ခရီးမှာ အခြားလမ်းမှပတ်ကာ သွားရသဖြင့် ၈ နာရီခန့်ကြာမြင့်ကာ သယ်ယူရေး စရိတ်မှာလည်း နှစ်ဆနီးပါးမြင့်တက်လျက်ရှိကြောင်း သိရသည်။
ပလက်ဝဘက်အခြမ်းတွင် ရေကြောင်းမှတစ်ဆင့် ကုန်စည်များသယ်ယူရာတွင်လည်း ယခင်က စက်လှေတစ်စီး ကုန်တင်စရိတ်မှာ ငွေကျပ် ၁၁ သိန်းခွဲအဖြစ် AA က သတ်မှတ်ထားရာကနေ ယခုအခါ ငွေကျပ်သိန်း ၂၀ အထိ ပေးနေရကြောင်းလည်း ကုန်သည်များက ဆိုသည်။
ထိုသို့ကဲ့သို့ ကုန်စည်သယ်ယူရေး အဆင့်ဆင့်တွင် ကုန်ကျစရိတ်ကြီးမားနေခြင်းကြောင့် ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်း မြင့်တက်မှုကို ရင်ဆိုင်နေရသည်။
အိန္ဒိယမှ ကုန်ပစ္စည်းသယ်ယူနေသည့် နောက်ထပ် ရခိုင်ကုန်သည်တစ်ဦးက "အိန္ဒိယမှာ လက်ရှိက ကုန်သွယ်မှုစရိတ်တွေ အထူးသဖြင့် အိန္ဒိယဖက်မှာ အလုပ်သမားခတွေ ဈေးတိုးတောင်းလာတော့ ကုန်သည်တွေမှာလည်း သယ်ယူစရိတ်တွေက အရင်ကထက် အရမ်းမြင့်တက်လာတယ်။ ဒီလိုမြင့်တက်လာတဲ့အခါ ကုန်တွေက ရခိုင်ပြည်ရောက်ရင် ဈေးနှုန်းတွေက မြင့်တက်သွားပြီးတော့ ပြည်သူတွေပဲ ဒဏ်ခံရတာ"ဟု ပြောသည်။
ကုန်စည်ဝယ်ယူရေးအပိုင်းတွင် ကုန်ကျစရိတ်ကြီးမားခြင်းကြောင့် ရခိုင်ပြည်အတွင်း ကုန်ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်စေသဖြင့် ULA/AA မှ တာဝန်ရှိသူများအနေဖြင့် အိန္ဒိယအာဏာပိုင်များနှင့်ဆွေးနွေးပြီး ပုံမှန်ဈေးနှုန်းတစ်ခုကို သတ်သတ်မှတ်မှတ်ဖြစ်စေလိုကြောင်း ရခိုင်ကုန်သည်များက တောင်းဆိုကြသည်။
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများစတင်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကတည်းက စစ်ကောင်စီသည် ရခိုင်ပြည်ကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားသဖြင့် ၂၀၂၄ အစောပိုင်းကစတင်ကာ အိန္ဒိယ-ရခိုင် ကုန်သွယ်မှုကို စတင်ပြုလုပ်လာကြခြင်း ဖြစ်သည်။