- စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်က ကျေးရွာသားများ ရွှေ့ပြောင်းနေရ
- အစ္စရေးနှင့် အချိန်မရွေး စစ်ပွဲပြန်ဖြစ်နိုင်ကြောင်း အီရန် ဒုသမ္မတ သတိပေး
- ပူတင်နှင့် ဆွေးနွေးရန် အသင့်ရှိသည်ဟု ထရမ့်နှင့် တွေ့ဆုံမှုအပြီး ဇီလင်စကီး ပြော
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားချက် ( ဩဂုတ် ၁၁ မှ ၁၇ ရက်နေ့အထိ)
- ရွေးကောက်ပွဲ ရက်ချိန်းပေးပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်နေ
ပူတင်နှင့် ဆွေးနွေးရန် အသင့်ရှိသည်ဟု ထရမ့်နှင့် တွေ့ဆုံမှုအပြီး ဇီလင်စကီး ပြော
ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် သမ္မတပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ပြောကြားလိုက်သည်။ ဝါရှင်တန်သို့ ရောက်ရှိနေသည့် သမ္မတဇီလင်စကီးက ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံအပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
19 Aug 2025

ယူကရိန်းစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် သမ္မတပူတင်နှင့် တိုက်ရိုက်ဆွေးနွေးရန် အသင့်ရှိကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက ပြောကြားလိုက်သည်။ ဝါရှင်တန်သို့ ရောက်ရှိနေသည့် သမ္မတဇီလင်စကီးက ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံအပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်တို့အနေနဲ့ ပူတင်နဲ့ နှစ်ဘက် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိနေတယ် ဆိုတဲ့အကြောင်းကို ကျွန်တော် အတည်ပြု ပြောကြားလိုပါတယ်။ ဥရောပခေါင်းဆောင်တွေ အားလုံးကလည်း ကျွန်တော့်ကို ထောက်ခံအားပေးထားကြပါတယ်" ဟု သတင်းစာရှင်းလင်းပွဲ၌ ဇီလင်စကီးက ပြောကြားသည်။
ရုရှားသည် လတ်တလောတွင် ထိုးစစ်များဆင်နွှဲကာ ယူကရိန်းနယ်မြေ အများအပြားကို သိမ်းပိုက်လာနေသဖြင့် သမ္မတ ဇီလင်စကီးသည် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
သမ္မတထရမ့်ကလည်း အိမ်ဖြူတော်တွင် ဇီလင်စကီးနှင့် မတွေ့ဆုံမီကတည်းက ယူကရိန်းအနေဖြင့် ကရိုင်းမီးယားကို စွန့်လွှတ်ရန်နှင့် နေတိုးအဖွဲ့ဝင်ဖြစ်ရေး အစီအစဉ်ကိုပါ စွန့်လွှတ်ပြီး ရုရှားနှင့် အပေးအယူ လုပ်ရန် လိုသည်ဟု ပြောကြားခဲ့သည်။
သမ္မတဇီလင်စကီးကမူ ထရမ့်နှင့် နှစ်ယောက်တည်း ဆွေးနွေးစဉ် ပိုမိုရှင်းလင်းပြတ်သားသည့် တိုက်ပွဲဝင်မှုပုံစံများ ချပြနိုင်ခဲ့သည်ဟု ပြောဆိုသည်။ "ကျွန်တော်တို့ တွေ့ခဲ့သမျှထဲမှာ အကောင်းဆုံး တွေ့ဆုံမှုပါပဲ" ဟု ယူကရိန်းသမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဇီလင်စကီးက ပြောထားသည်။
အစည်းအဝေးများ အပြီးတွင် မိမိသည် သမ္မတပူတင်ကို ဖုန်းခေါ်ဆိုပြောကြားခဲ့ပြီး ပူတင်-ဇီလင်စကီး တွေ့ဆုံရေးအတွက် စီစဉ်မှုများ ပြုလုပ်ခဲ့သည်ဟု သမ္မတထရမ့်က သူ့ပိုင် Truth Social လူမှုကွန်ရက်တွင် ရေးသားထားသည်။
လာမည့် သီတင်းနှစ်ပတ်အတွင်း ယူကရိန်းနှင့် တွေ့ဆုံဆွေးနွေးရန် သမ္မတပူတင်ဘက်က သဘောတူထားပြီး နေရာနှင့် အချိန်ကိုမူ အတည်မပြုရသေးကြောင်း ဂျာမနီအဓိပတိ ဖရက်ဒရစ်မက်ဇ်က ပြောကြားသည်။
ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင်များ၏ အမေရိက ခရီးစဉ်သည် ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က ထရမ့်နှင့် ပူတင်တို့ အလက်စကားတွင် တွေ့ဆုံပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။