- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ရခိုင်တွင် တစ်ပိုင်တစ်နိုင် ရေနံတူးဖော်ရေးလုပ်ငန်းကို လုပ်ကိုင်သူနည်းပါးလာ
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ရေနံစိမ်းတူးဖော်ရေးလုပ်ငန်းကို ယခင်က ရေနံတွင်းပေါင်းသောင်းချီဖြင့် လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ လုပ်ကိုင်သူ အနည်းငယ်သာရှိတော့သည်။
07 Dec 2020

အောင်ကောင်းဇော် | DMG
ဒီဇင်ဘာ ၇ ၊ မာန်အောင်
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် တစ်ပိုင်တစ်နိုင်ရေနံစိမ်းတူးဖော်ရေးလုပ်ငန်းကို ယခင်က ရေနံတွင်းပေါင်းသောင်းချီဖြင့် လုပ်ကိုင်ခဲ့သော်လည်း ယခုအခါ လုပ်ကိုင်သူ အနည်းငယ်သာရှိတော့သည်။
ရေနံတွင်းများမှာ ရေနံအထွက်နည်းပါးခြင်း၊ ရေနံဈေးကွက်မရှိခြင်းတို့ကြောင့် ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာခြင်းဖြစ်ကြောင်း လက်ရှိလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဦးဖိုးတင်ကဆိုသည်။
“ဟိုအရင်တုန်းကတော့ လူတိုင်းလိုလို ရေနံတူးလုပ်ငန်းကိုလုပ်ကြတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ အလုပ် အကိုင်တွေကလဲပေါလာ၊ ရေနံထွက်နှုန်းက နည်းလာတယ်။ တွင်းအသစ်တူးသူတွေလည်းမရှိတော့ တစ်ဖြည်းဖြည်း ဒီအလုပ်ကို လုပ်ကိုင်သူနည်းလာတာပေါ့၊ အပြင်အလုပ်ဝင်ငွေလောက်မှ မရတာကို” ဟု ၎င်းကပြောသည်။
ယခုအခါ မာန်အောင်မြို့နယ်အတွင်းတွင် ရေနံတွင်းပေါင်း ၇၀ ကျော်ရှိပြီး အဆိုပါတွင်းများမှာ တွင်းဟောင်း များသာဖြစ်ကြောင်း ရေနံတူးဖေါ်ရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။
ရေနံတွင်း တစ်တွင်းကို လုပ်သား ၅ ဦးအသုံးပြုကာ ပျဉ်းမျှလက်တောင် ၂၅၀ ခန့်ကို တစ်လခန့်တူးဖော်ရပြီး ယခုကာလတန်းဖိုးငွေဆိုလျှင် သိန်း ၁၀ ကျော်ထိ ကုန်ကျကြောင်း ယခင်က ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင် ခဲ့သူ ဦးသိန်းအောင်က ပြောဆိုသည်။
“ရေနံကဈေးမရှိတော့ တူးတဲ့လူလည်းနည်းလာတယ်။ အပြင်အလုပ်ကလည်း ပေါလာတော့ ရေနံတူးတယ်ဆိုတာက မသေချာဘူး၊ အဲဒီလိုဖြစ်နေတာပေါ့” ဟု ၎င်းကဆိုသည်။
လက်ရှိ မာန်အောင်မြို့နယ်အတွင်းရှိ ရေနံတွင်းများမှ တစ်နေ့လျှင် ရေနံစိမ်းတစ်ဂါလံခန့်သာထွက်ရှိပြီး တစ်ဂါလံလျှင် ငွေကျပ် ၄၀၀၀ ဖြင့် လက်လီ၊လက်ကား ပြန်လည်ရောင်းချရကြောင်း ရေနံတူးဖော်လုပ်ကိုင် နေသူများထံမှ သိရသည်။
မာန်အောင်မြို့နယ်အတွင်းမှ ဟင်းစနဲကျေးရွာ၊ ဒိုးတန်းကျေးရွာ၊ ဘဲအင်းကျေးရွာ၊ ကံထောက်ကျေးရွာအပြင် ရေနံတောင်၊ ကျောက်ကွဲ၊ ဗျိုင်းတောင် စသည့်နေရာများတွင် ရေနံထွက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူမြို့နယ်တွင်လည်း ယခင်က တစ်ပိုင်တစ်နိုင်ရေနံစိမ်းတူးဖော်ရေး လုပ်ငန်း လုပ်ကိုင်သူများပြားခဲ့ပြီး လုပ်ငန်းအဆင်မပြေသဖြင့် ယခုအခါ ရေနံတူးဖော်သည့်လုပ်ငန်းကိုစွန့်လွှတ်ကာ အခြားအလုပ်အကိုင်များကို ပြောင်းရွှေ့လုပ်ကိုင်သွားကြသည်။