- စစ်ကောင်စီသည် နာမည်သစ်ဖြင့် နိုင်ငံတကာ ပိတ်ဆို့မှုများကို ရှောင်ရန် ကြိုးပမ်းနေ
- အိုကီနာဝါကျွန်းအနီး အမေရိကန်စစ်ရေယာဉ်ပေါ် မီးလောင်မှု ၁၂ နာရီခန့်ကြာအောင် ငြိမ်းသတ်ခဲ့ရ
- ငါးဖမ်းခွင့် ပိတ်ထားသဖြင့် ကျောက်ဖြူမြို့ခံများ စားဝတ်နေရေး အခက်ကြုံ၊ ငါးရှာသူများကို စစ်ကောင်စီ ရိုက်နှက်
- အိန္ဒိယ-ရခိုင်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ထားမှုကြောင့် ကုန်သည် ရာနှင့်ချီ ပိတ်မိနေ
- လမ်းဆုံလမ်းခွမှ ကျောက်ဖြူ-ရခိုင်ပြည်၏ ကြိုးပမ်းအားထုတ်မှုနှင့် မြန်မာ့မျှခြေ အရွေ့
ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်
လက်ရှိ စစ်ကောင်စီ ခံစစ်ပြင်ဆင်နေသည့် ဆင်လန်ကျေးရွာသည် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ- ၆) တည်ရှိသည့် ညောင်ခြေထောက်ရွာနှင့် ၇ မိုင်ခန့်သာ အကွာဝေးရှိပြီး ဥသျှစ်ပင်တပ်နယ်တွင် အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း သိရသည်။
07 Apr 2025

DMG ၊ ဧပြီ ၇
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တပ်နယ်ရှိ ညောင်ကျိုးဗျူဟာကုန်းစခန်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် ဆင်လန်ကျေးရွာနှင့် ရှုခင်းသာကုန်းတို့တွင် ခံစစ်ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ညောင်ကျိုးကျေးရွာနှင့် ၄ မိုင်ခန့်၊ ညောင်ခြေထောက်နှင့် ၇ မိုင်ခန့် အကွာတွင် ရှိသည့် ရှုခင်းသာနှင့် ဆင်လန်ကျေးရွာတို့တွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေခြင်း ဖြစ်သည်။
" အဓိကတော့ ညောင်ခြေထောက်ရဲ့ နောက်ဆုံး ကာကင်း တည်နေတာပေါ့။ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်တာမျိုးတော့ မရှိသေးဘူး။ စစ်ကောင်စီဖက်က ညောင်ခြေထောက်မှာလည်း အင်အားတိုးမြှင့်နေတာတွေလည်း ရှိတယ် " ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ညောင်ကျိုးဗျူဟာစခန်းကုန်းကို ဧပြီ ၂ ရက်တွင် အာရက္ခတပ်တော်က သိမ်းပိုက်ထားခြင်း ဖြစ်သည်။
လက်ရှိ စစ်ကောင်စီ ခံစစ်ပြင်ဆင်နေသည့် ဆင်လန်ကျေးရွာသည် အမှတ် ၆ ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ (ကပစ- ၆) တည်ရှိသည့် ညောင်ခြေထောက်ရွာနှင့် ၇ မိုင်ခန့်သာ အကွာဝေးရှိပြီး ဥသျှစ်ပင်တပ်နယ်တွင် အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း သိရသည်။
ဥသျှစ်ပင် တပ်နယ်အတွင်းတွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံများအဖြစ် ကပစ ၃၊ ကပစ ၅၊ ကပစ ၆၊ ကပစ ၉၊ ကပစ ၁၆ တို့ ရှိသည်။
ယင်းကြောင့် ပဲခူးတိုင်းရှိ ကပစ စက်ရုံများမှာ အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များ၏ ခြိမ်းခြောက်မှုဒဏ်ကို ခံနေရပြီဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် တောင်ကုတ်ရိုးမတောင်ကျော်လမ်းအတိုင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စ၍ ပဲခူးတိုင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး မိုးထိစခန်း၊ တောင်ပုံကြီးစခန်း၊ ပန်းကန်ကွဲစခန်းနှင့် ညောင်ကျိုးစခန်းတို့ကို သိမ်းပိုက်ထားသည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်များသည် မကွေးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း တိုက်ပွဲများဖြစ်နေကြောင်း သိရသည်။