DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၆ ၊ ၂ ၊ ၂၀၁၈)

06 Feb 2018

- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုဟာ ရက္ခိုင့်တပ်မတော်နဲ့ မဆိုင်ဘူးလို့ ငြင်းဆို

- မောင်တောမြို့နယ်အတွင်းက ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို လူမူဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ငွေတွေ ပေးအပ်

- မြောက်ဦးမြို့မှာ ပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်း အခြားမြို့နယ်တွေမှာ ကျင်းပဖို့စီစဉ်ထားတဲ့ စာပေဟောပြောပွဲတွေကိုလည်း ဖျက်သိမ်းလိုက်ကြ

- ဒေသတွင်း ဆင်းရဲမွဲတည်မှု လျော့ချရေး လူထုဗဟိုပြုအလုပ်ရုံဆွေးနွေးပွဲ မိတ်ဆက် အခမ်းအနားကို ပုဏ္ဏားကျွန်းမြို့ပေါ်မှာ ကျင်းပခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၄ ၊ ၂ ၊ ၂၀၁၈)

04 Feb 2018

- မြေသိမ်းယာသိမ်းကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ ကျောက်ဖြူမြို့နယ်မှာ တောင်သူလယ်သမားညီလာခံ ကျင်းပနေ

- မြောက်ဦးကလူငယ်တွေအပါအဝင် ဒေါက်တာအေးမောင် နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ပြန်လွှတ်ပေးဖို့ မောင်တောမှာဆန္ဒဖော်ထုတ်

- ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင်စေတီ ချောင်းကူးတံတားပြုပြင်ဖို့ ကျပ်သိန်း ၁၂၀ ခန့် လိုအပ်နေပြီး အစိုးရကို တင်ပြထားပေမယ့် ထူးခြားမှုမရှိသေး

- မောင်တောအရေး၊ မြောက်ဦးအရေးနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လုံးဆိုင်ရာ လူထုအစည်းအဝေးကြီးတစ်ခု စစ်တွေမြို့မှာ မကြာမီ ကျင်းပသွားမယ့်သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃ ၊ ၂ ၊ ၂၀၁၈)

03 Feb 2018

- မောင်တောမြို့နယ်က တိုင်းရင်းသားအရေးနဲ့ မြောက်ဦးဖြစ်စဉ်ကို ရခိုင်လူမှုအဖွဲ့အစည်းတွေ မနက်ဖြန် ဆွေးနွေးသွားမယ်

- ၂၁ ပင်လုံအတွက် ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးဖို့ စစ်တွေမြို့နယ်မှာ ကိုယ်စားလှယ်တွေ ရွေးချယ်

- တောင်ကုတ်မြို့မှာ အကောင်အထည်ဖော်နေတဲ့ မြို့ကွက်သစ် အိမ်ရာစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဥပဒေနဲ့အညီ လုပ်ဖို့လိုအပ်

- မောင်တောမြို့ပေါ်မှာ ကုန်တင်ကားတွေရပ်နားဖို့ အဝေးပြေး ကားကွင်းတစ်ခု မဖြစ်မနေ လိုအပ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂ ၊ ၂ ၊ ၂၀၁၈)

02 Feb 2018


- မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရှိပြီး စစ်တွေဆေးရုံက အချုပ်သားလူနာဆောင်မှာ ဆေးကုသခံယူနေကြတဲ့ လူနာ ၈ ဦးကို စစ်တွေအကျဉ်းထောင်သို့ ဒီကနေ့မှာ ပြောင်းရွေ့

- မာန်အောင်မြို့နယ် ပညာရေးတိုးတက်မြင့်မာလာစေရေးအတွက် မာန်အောင်လူငယ်ကွန်ယက်အဖွဲ့နဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမယ်

- စစ်တွေအုတ်ဈေးကွက်  အရင်နှစ်ကထက် ဈေးကောင်းရနေ

- ဂီတဝါသနာရှင်တွေကို မေတောင်မြှောက်ပေးတဲ့ Myanmar Idol Season 2 Winner ဆုရှင် သားငယ်မှာ လမ်းကလေးလို့ အမည်ပေးထားတဲ့ VCD ခွေ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁ ၊ ၂ ၊ ၂၀၁၈)

01 Feb 2018

- မြောက်က်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို စစ်တွေသုဿန်မှာ ဒီကနေ့ မီးသဂြိုဟ်

- ရဲထွက်ဆိုချက်တွေကွဲလွဲနေတယ်လို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ပြော

- ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်ထားတဲ့ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို စောင့်ကြည့် သွားမယ်လို့ လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီကပြော

- လေမုန်တိုင်းကြောင့် မာန်အောင်မြို့သို့ ရောက်ရှိလာတဲ့ ဘင်္ဂလီနှစ်ဦးကို ဒေသအာဏာပိုင်တွေက စစ်တွေမြို့သို့ ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃၁ ၊ ၁ ၊ ၂၀၁၈)

31 Jan 2018

- မြောက်ဦးကိစ္စ၊ ဒေါက်တာအေးအောင်ကိစ္စတို့အပါအဝင် ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို အလေးထားပေးဖို့ မင်းပြားမြို့မှာ ဒေသခံတွေ ဆန္ဒဖော်ထုတ်
 
- ဒေသခံတွေ စီးပွားရေးအဆင်မပြေတာကြောင့် မာန်အောင်က ရွှေဆိုင်တွေ အဆင်မပြေဖြစ်နေ

- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်ခဲ့သူတွေကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်လှစ်ထားပြီး အခင်းဖြစ်ပွားရာအနီးရှိ ရွာသားတွေကို စစ်ဆေးမေးမြန်းလျှက်ရှိ

- ၂၀၁၅ ခုနှစ်က ပြဌာန်းလိုက်တဲ့ မသန့်စွမ်းသူများအခွင့်အရေးဥပဒေကို မသန်းစွမ်းသူတွေ အားလုံးနားလည်နိုင်ဖို့ မြန်မာစံ လက်သင်္ကေတပြဘာသာစကား ဗွီဒီယိုခွေ မိတ်ဆက်ဖြန့်ချိနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၃၀ ၊ ၁ ၊ ၂၀၁၈)

30 Jan 2018

- ပုဏ္ဏားကျွန်းမြို့နယ်က ဂူဝဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

- မောင်တောမြို့နယ်မှာ ၂၀၁၆-၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသား ၄၀ ကျော်ရှိပြီး အကန့်အသတ်မရှိ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတစ်ဦးရှိခဲ့

- ကျောက်ဖြူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုတွေ များပြားလာနေ

-အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးတွေပျက်စီးခဲ့တဲ့အတွက် တောင်သူတွေ ချေးငွေဆပ်ဖို့အခက်တွေ့နေတဲ့ သတင်းတို့ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၉ ၊ ၁ ၊ ၂၀၁၈)

29 Jan 2018

- မောင်တောမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ၈၀၀ ကျော်ကို စာစစ်ဌာနသုံးခုမှာ စစ်ဆေးသွားမယ်

- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ရုံးထုတ်တဲ့အခါမှာ မိသားစုကို တွေ့ခွင့်ပေးဖို့နဲ့ လုံခြုံရေးတိုးမြှင့်ချထားတာကို လျော့ချပေးဖို့ တောင်းဆို

- မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာမှာ ကန့်ကွက်သူတွေရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့ရ

- ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့ မြန်မာ့လက်ရာပွဲတော်မှာ ရခိုင်ရိုးရာရွှေပန်းထိမ်လုပ်ငန်းအကြောင်း ပါဝင်မယ်ဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၈ ၊ ၁ ၊ ၂၀၁၈)

28 Jan 2018

- လစ်လပ်နေတဲ့စည်ပင်ဝန်ကြီးနေရာကို စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေ

- ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ မြောက်ဦးပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာအရေးယူပေးဖို့ ကျောက်တော်မြို့မှာ ဆန္ဒပြတောင်းဆို

- ပညာရေးဘတ်ဂျက်တိုးပေးဖို့ တောင်းဆိုတဲ့ကျောင်းသားတွေကို ကျောင်းမထုတ်သင့်ဘူးလို့ ရခိုင်တက္ကသိုလ် ကျောင်းသားတွေ ပြောဆို

- အမျိုးသမီးများအား အတင်းအဓမ္မပြုကျင့်သူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ပေးဖို့ မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၇ ၊ ၁ ၊ ၂၀၁၈)

27 Jan 2018

- မြောက်ဦးကို ခရီးသည်ဝင်ရောက်မှုနည်းတာဟာ လတ်တလောဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ မဆိုင်ဘဲ မောင်တောခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်နဲ့ သက်ဆိုင်

- သာသနာ့အာဇာနည်တွေ ပေါ်ထွန်းဖို့ ကျောက်ဖြူမြို့မှာ အမျိုးသားပါဠိပထမပြန် စာမေးပွဲ ကျင်းပနေ

- ဇီးချိုင်ကျေးရွာက ရေလုပ်သားတွေမှာ ငါး၊ ပုစွန် ဖမ်းဆီးရရှိမှု နည်းပါးလို့ စားဝတ်နေရေးကို ထိခိုက်လာ

- ရှေးဟောင်း မြောက်ဦးမြို့တော်မှာရှိတဲ့ အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းအဖြစ် လာမယ့် မတ်လမှာ ကမ္ဘာ့အဆင့်သို့ တင်သွင်းမယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၅ ၊ ၁ ၊ ၂၀၁၈)

25 Jan 2018

- ပိုလျှံရံပုံငွေ သုံးစွဲခွင့်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး ခေါ်ယူ

- ပြန်လာမယ့် ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တယ်ဆိုတဲ့ အထောက်အထားက အဓိကအချက် ဖြစ်တယ်လို့ လဝက အရှာရှိတစ်ဦးက ပြောဆို

- မြောက်ဦးဖြစ်စဉ်မှာ ပြည်သူအပေါ် အကြမ်းဖက်သမားလို နှိမ်နင်းတဲ့ပုံစံမျိုးဆောင်ရွက်ခဲ့အတွက် တာဝန်ရှိတဲ့အစိုးရက ဖော်ထုတ်အရေးယူပေးဖို့ လိုအပ်တယ်လို့ စစ်တွေမြို့မိ၊မြို့ဖအဖွဲ့က ထောက်ပြ

- ပုဏ္ဏားကျွန်းမြို့မှာ သွားနဲ့ခံတွင်းဝေဒနာရှင်တွေကို မြန်မာနိုင်ငံသွားနှင့်ခံတွင်း ဆရာဝန်အသင်းမှ အခမဲ့ကုသ ပေးနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၄ ၊ ၁ ၊ ၂၀၁၈)

24 Jan 2018

- ရခိုင်မျိုးချစ်ပါတီဖက်က ပေါင်းစည်းဖို့ ကမ်းလှမ်းတဲ့အပေါ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ညီလာပြီးမှ ဆုံးဖြတ်သွားမယ်

- ကျောက်ဖြူမြို့မှာ တစ်ပိုင်တစ်နိုင်လုပ်မယ့် စားသောက်ကုန် လုပ်ငန်းရှင်တွေ FDA မှာ လုပ်ငန်းလိုင်စင် လျှောက်ပြီးလုပ်ကြဖို့ အသိပေး

- ရမ်းဗြဲမြို့နယ်က သဘာဝအတိုင်း ငါးပုစွန်မွှေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူတွေ နည်းပညာအထောက်အပံ့ လိုအပ်နေ

- အာနန္ဒစန္ဒြကျောက်စာကို ကမ္ဘာမှတ်တမ်းဝင်ဖြစ်ဖို့ ဆောင်ရွက်နေမှုကို အထောက်အကူပြုစေမယ့် ရခိုင်သက္ကတစာပေဆိုင်ရာ စာတမ်းဖတ်ပွဲတစ်ခုကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၃ ၊ ၁ ၊ ၂၀၁၈)

23 Jan 2018

- မောင်တောမြို့နယ်မှာ ဘင်္ဂလီတွေ ပြန်လည်လက်ခံရေးစခန်း နှစ်ခုကို ဒီကနေ့ စတင်ဖွင့်လှစ်

- မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရှိပြီး စစ်တွေဆေးရုံမှာ ဆေးဝါးကုသခံယူနေကြတဲ့ လူနာတွေကို စုံစမ်းစစ်ဆေးဖို့ အချုပ်သားလူနာဆောင်သို့ ပြောင်းရွေ့

- ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကျော်စိုးဦးတို့အမှုရဲ့ တရားလို ဒုတိယရဲမှူးကြီးယုနိုင်ကို ဒီနေ့ရုံးချိန်းမှာ စတင်စစ်ဆေး

- ရမ်းဗြဲမြို့နယ်မှာ စာသင်ကျောင်းလိုအပ်ချက်တွေ ရှိနေသလို ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ပညာရေးပိုင်းမှာ စိတ်ပါဝင်စားမှု အားနည်းနေတဲ့သတင်းတို့ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၂ ၊ ၁ ၊ ၂၀၁၈)

22 Jan 2018

သာလီစွပါ (Daily News 22. 1.2018)
DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ်

- တာဝန်မကျေ၊ ပျက်ကွက်မှားယွင်းတာတွေရှိခဲ့ရင် အရေးယူခံဖို့ အဆင့်သင့်ရှိကြောင်း ဝန်ကြီးချုပ် ဦးညီပု ပြော

- ရခိုင် - ဗမာမုန်းတီးရေးကို မလုပ်ဆောင်ကြဖို့ ရခိုင်ပြည်နယ်အစိုးရက ဒီကနေ့စစ်တွေရှိ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်း

- မြောက်ဦးကိစ္စမှာ ငြိဝပ်ပိပြားရေးကို ခေတ်ဟောင်းက ကျင့်သုံးသလိုမျိုး လုပ်တယ်ဆိုရင် ဒီမိုကရေစီဆိုတာ ဘာထူးသလဲလို့ အစိုးရကို မေးခွန်းထုတ်

- ဗျာလသီချင်းဖြင့် လူသိများလာတဲ့ ရခိုင်တေးသံရှင် ကိုကိုနိုင် ရဲ့ နောက်ဆုံးခရီးကို အနုပညာအသိုင်းအဝိုင်းနဲ့ လူအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၁ ၊ ၁ ၊ ၂၀၁၈)

21 Jan 2018

- မြောက်ဦးပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဥပဒေအရ အရေးယူနိုင်ဖို့ အကူအညီပေးနိုင်တဲ့ အဖွဲ့အစည်းတွေကို သေဆုံးသွားတဲ့ မိသားစုဝင်တွေက လိုလားနေ

- လွိုင်ကော်မြို့မှာ ထောင်ချုပ်ခံထားရတဲ့ လူငယ် ၃ ဦးကို နှစ်ရှည်အကျဉ်းသားထားတဲ့ အဆောင်မှာ မထားဖို့ ကယားလူမှုအဖွဲ့အစည်း ၈ ဖွဲ့က တောင်းဆို

- ပြည်နယ်လွှတ်တော်ဆုံးဖြတ်မှု ဖွဲ့စည်းပုံခုံရုံးတက်နိုင်ဖို့ စီစဉ်နေတာတွေရှိတယ်လို့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကပြော

- ရမ်းဗြဲမြို့နယ်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲရှိနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေကပြောတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၂၀ ၊ ၁ ၊ ၂၀၁၈)

20 Jan 2018

- ရခိုင်ပြည်နယ်ရဲ့ လက်ရှိမတည်ငြိမ်မှုတွေကြောင့် စစ်တွေမြို့မှာ ပြုလုပ်မယ့် ရခိုင်ရိုးရာရထားဆွဲပွဲတော်ကို ဖျက်သိမ်း

- မြောက်ဦးပဋိပက္ခနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းရေးကိုအနှောင့်အယှက်ဖြစ်မှာစိုးရိမ်တဲ့အတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ လုံခြုံရေးကိုတိုးမြှင့်

- ဘင်္ဂလားဒေ့ရှ်က ပြန်လည်ဝင်ရောက်လာမယ့် ဘင်္ဂလီတွေကို လက်ခံဖို့ လဝက အရာရှိ ၅၇ ဦး မောင်တောကို ရောက်ရှိ

- နိုင်ငံရေးအသိတွေ ဖွံ့ဖြိုးဖို့ရည်ရွယ်တဲ့ လူငယ်ညီလာခံကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျောက်ဖြူမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၉ ၊ ၁ ၊ ၂၀၁၈)

19 Jan 2018

- မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြင်ပပုဂ္ဂိုလ်တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစုံစမ်းဖို့ စစ်တွေမြို့နယ်လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီ တောင်းဆို

- ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါက်တာအေးမောင်ရဲ့နေအိမ်အတွင်း သက်ဆိုင်ရာက ဝင်ရောက်ရှာဖွေခဲ့ပေမယ့် သက်သေတစ်စုံတစ်ရာ မတွေ့ရှိခဲ့

- ရမ်းဗြဲမြို့မှာ မြို့သစ်စီမံကိန်းတစ်ခုကို အစိုးရရဲ့ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေပြီး ပိုလျှံတဲ့မြေတွေကိုလည်း ပြန်လည်ရောင်းချပေးသွားမယ်

- ကျောက်ဖြူဒေသအတွင်းက မျက်စိဝေဒနာရှင်တွေကို MCM ကုမ္ပဏီရဲ့ အကူအညီနဲ့ အခမဲ့စမ်းသပ်ခွဲစိတ်မှုတွေပြုလုပ်ခဲ့တဲ့ သတင်းတွေဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၈ ၊ ၁ ၊ ၂၀၁၈)

18 Jan 2018

- မြောက်ဦးပဋိပက္ခနဲ့ ပတ်သက်ပြီး သေဆုံးရာမှာပါဝင်သွားသူတွေရဲ့ မိသားစုတွေရဲ့ ရင်ဖွင့်သံ

- ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ပုဒ်မသုံးခုနဲ့ ဖမ်းဆီးပြီး စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထား

- မောင်တောမြို့နယ်မှာ ဘင်္ဂလီတွေက ရခိုင်တိုင်းရင်းသားတွေကို ဝိုင်းရိုက်တဲ့အတွက် တစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိ

- ကျောက်ဖြူပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ဆေးပစ္စည်းကိရိယာနှင့် အထူးကုဆရာဝန်ကြီးတွေ လိုအပ်နေ

- နောက်ဆုံးသတင်းအဖြစ် နေပြည်တော်မှာ တိုင်းရင်းသားလူမျိုး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆွေးနွေးပွဲတစ်ခုကို ကျင်းပနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၇ ၊ ၁ ၊ ၂၀၁၈)

17 Jan 2018

- မြောက်ဦးပဋိပက္ခမှာ ရဲတွေ သေနတ်နဲ့ ပတ်ခတ်လို့ သေဆုံးသွားသူတွေအတွက် ပြည်နယ်အစိုးရအနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆို

- မြောက်ဦးပဋိပက္ခမှာ ထိခိုက်သေဆုံးသူတွေအတွက် အစိုးရကတာဝန်ယူပေးဖို့ ပြည်နယ်အစိုးရရုံးရှေ့မှာ လူငယ်တွေ ဆန္ဒပြတောင်းဆို

- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းသားမိဘတွေဟာ အစိုးရကျောင်းတွေအပေါ်မှာ ယုံကြည်ချက် ကင်းမဲ့နေ

- ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ မပျက်စီးအောင် ထိန်းသိမ်းဖို့ လက်နက်ကိုင် နှစ်ဘက်လုံးမှာ တာဝန်ရှိတယ်လို့ JMC-U ဒုတိယ ဥက္ကဌက ပြောဆိုလိုက်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

DTV NEWS ရုပ်သံရဲ့ ညနေခင်းသတင်းအစီအစဉ် (၁၆ ၊ ၁ ၊ ၂၀၁၈)

16 Jan 2018

- သတင်းမီဒီယာလောကထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တဲ့ ဦးအောင်လှထွန်းကို ပြန်ကြားရေး ဒုဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ်မှာ တိုင်းရင်းသားမီဒီယာတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကို မျှော်လင့်

- မောင်တောတောင်ပိုင်းမှာ စိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုတည်ဆောက်ပြီး ငှက်ပျောစိုက်သင်တန်းပေး

- အကြမ်းဖက်မှုတွေကို ကျူးလွန်ပြီး တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အစိုးရကဖမ်းဆီးပြီး မြန်မာနိုင်ငံကိုလွှဲပြောင်းပေးသင့်တယ်လို့ ရခိုင်အမျိုးသားပါတီက တောင်းဆို

- မောင်တောမြို့နယ် အိုးထိန်းကျေးရွာမှာ ဟိန္ဒူဘာသာဝင်တွေအတွက် ယာယီမိုးကာတဲတွေ တည်ဆောက်ပေးတော့မယ့် သတင်းတွေ ဖြစ်ပါတယ်။

Showing 221-240 of 412 items.