ရခိုင့်ဂီတလောကအဆင့်အတန်းမြင့်မားစေရန် MMF အဖွဲ့နှင့် ရခိုင့်ဂီတအစည်းအရုံးတွေ့ဆုံနွေးဆွေး

27 May 2017

စစ်တွေမှာရခိုင်ရိုးရာဂီတ၊ မြန်မာ့ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတတွေကိုပူးပေါင်းဖော်ဖြေပွဲတစ်ခုကျင်းပခဲ့ပါတယ်။ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာဒီနေ့ မေလ၂၇ရက်နေ့မှာရခိုင်ရိုးရာဂီတ၊ မြန်မာ့ရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတတွေကို ပူးပေါင်းပြီး ဂီတဖျော်ဖြေပွဲတစ်ခု တင်ဆက်ပြသခဲ့ပါတယ်။ဒီပွဲကို ရခိုင်ဂီတ အစည်းအရုံး(ယာယီ)နဲ့ Myanmar Music Festivalတို့ ပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် ဖျော်ဖြေကျင်းပခဲ့တာဖြစ်ပါတယ်။

လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေတွေကို လယ်သမားတွေ နားမလည်တဲ့အတွက် ချေးငွေတွေ ထုတ်ယူတဲ့ကိစ္စမှာ အခက်အခဲဖြစ်

26 May 2017

လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေနားလည်မှု့နည်းနေသေးကာ အစိုးရရဲ့ပညာပေးမှုတွေကလည်းအားနည်းနေသေးပါတယ်။ ၂၀၁၂ခုနှစ်ကပြဌာန်း လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လက်ရှိအချိန်ထိ ဥပဒေကို

ဦးရာဇ်တောင်စေတီမှာ ဘုရားဖူးဧည့်သည်တွေ အဆင်ပြေစေဖို့ ဓါတ်လှေကား ဆောင်လုပ်မှု ၃၀ % ပြီးစီးနေပြီဖြစ်

26 May 2017

 ရခိုင်ပြည်နယ်မှာ သမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင်စေတီကို လာရောက် ဘုရားဖူးကြတဲ့ဧည့်သည်တွေမှာ သက်ကြီးရွယ်အိုတွေပါရင် အခက်အခဲဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်အားလုံး အဆင်ပြေစေဖို့ ဓါတ်လှေကား တည်ဆောက်နေတာ အခုဆိုရင် ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။

ပညာရေးဝန်ထမ်းများ ကျောင်းအပ်နှံရာမှာ အခကြေးငွေတွေ ယူပါက အရေးယူမည်

26 May 2017

ယခု တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး လုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပညာရေးဝန်ထမ်းတွေ အခကြေးငွေတွေယူပြီး ဆောင်ရွက်နေတာတွေ့ရင် ထိရောက်စွာ အရေးယူမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက DMG ကို ပြောဆိုလိုက်ပါတယ်။ 

မောင်တောဒေသ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များ မမှန်ကန်ကြောင်းထုတ်ပြန်

25 May 2017

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသဆိုင်ရာ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှတ်ပြန်ကြားရေးအဖွဲ့က ဒီလ ၂၂ က သတင်းထုတ်ပြန်ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်က ဖော်ပြပါတယ်။

ငပလီမြို့မှာ အရင်အစိုးရလက်ထက် စစ်တပ်သိမ်းယူခဲ့တဲ့ ခရစ်ယာန်ဘုရားကျောင်းကို ပြန်တောင်း

25 May 2017

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ပင်လယ်ကမ်းခြေနားမှာရှိတဲ့ ခရစ်ယာန်သာသနာပိုင် စိန့်မေရီဘုရားရှိခိုးကျောင်း မြေနေရာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ငြိမ်း) လက်ထက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က အတင်းအဓမ္မသိမ်းယူခဲ့တဲ့အတွက် အဲဒီမြေနေရာကို ခရစ်ယာန်ဘာသာဝင်တွေကို 

ကျောက်ဖြူတွင် ကျူးကျော်အိမ်များကို အာဏာပိုင်များမှ လာရောက်ဖျက်ဆီး

24 May 2017

ကျာက်ဖြူမြို့နယ် မီးလောင်ပြင်ကွင်းနဲ့ ငါးကန်တို့တွင် ဒေသခံအချို့မှာ ကျူးကျော်လာမှုတွေရှိနေတာကြောင့် ဒေသအာဏာပိုင်တို့မှ ဒီနေ့ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကျူးကျော်ခြံခတ်ထားခြင်း၊ ကြိုးတားထားခြင်း၊ အိမ်ဆောက်ထားခြင်းတို့ကို ဖျတ်ဆီးသိမ်းယူခဲ့ကြောင်း သိရပါတယ်။

ဒီနေ့ ရခိုင်ပြည်နယ်အတွင်း အကျဉ်းသားစုစုပေါင်း ၉၄ ဦး လွတ်မြောက်

24 May 2017

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး ၊ စုစုပေါင်း ၉၄ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ 

ဘင်္ဂလားဒေ့ရ်ှဘက်ကို အခုလပိုင်းကစတင်ပြီး ဆန်ပြန်လည်တင်ပို့

23 May 2017

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်ကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်ကနေ အခုလပိုင်းကစတင်ပြီး ဆန် ပြန်လည်တင်ပို့နေပြီး ဒေါ်လာ နှစ်သောင်းဝန်းကျင် တန်ဖိုးရှိတဲ့ ဧည်မထ ၂၅ မတ် ဆန် ၆၅ တန် ပို့ဖြစ်တယ်လို့ စစ်တွေစခန်းတာဝန်ခံ ဦးခင်မောင်ဆွေက DMG ကိုပြောပါတယ်။

ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ CNPC တရုတ်ကုမ္ပဏီကို ဒုတိယအကြိမ် ဆန္ဒပြ

23 May 2017

တရုတ်နိုင်ငံသို့ ရေနံတွေတင်ပို့ဖို့ မဒေးကျွန်းမှာ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်တာကြောင့် ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးပြီး လှေသမားတွေ နားခိုဖို့ နေရာအဆင်မပြေတဲ့အတွက် ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ မနေ့က CNPC တရုတ်ကုမ္ပဏီကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ မြိုလူမျိုးကို မြိုစာပေတွေ သင်ကြားပေးနေ

22 May 2017

ပုဏ္ဏားကျွန်းမြို့နယ် ပြိုင်တောကျေးရွာမှာ မေလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက မြိုတိုင်းရင်းသားတွေကို မြိုစာပေသင်ကြားနေ တယ်လို့ သိရပါတယ်။ အဲဒီမြိုစာပေသင်တန်းကို မြိုစာပေနှင့်ယဉ်ကျေးမှူအဖွဲ့က ဦးစီးဖွင့်လှစ်တာဖြစ်ပြီး ဒီနေ့ နံနက် ၈ နာရီက သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။

ရွှေကရုဏာ စေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင်များကို အခမဲ့ဆေးကုသပေး

22 May 2017

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေကရုဏစေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင် (၃၀၀) ဦးကို ဒီကနေ့ မေလ ၂၂ ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ အဲဒီအခမဲ့ဆေးကုသမှုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနှင့် ရွှေကရုဏာ စေတနာဆေးခန်းတို့ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်မြို့ မျက်စိအထူးကု

ငပလီကမ်းခြေသန့်ရှင်းရေး လူငယ်တွေ အမှိုက်ကောက်ရှင်းလင်း

21 May 2017

အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင် အခြေအနေ စိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာ အမှိုက်ကောက်လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။အမှိုက်ကောက်လှုပ်ရှားမှုကို ဂျိတ္တောရပ်ကွက်ပရဟိတလူငယ်တွေ စုပေါင်းထားတဲ့ အမှိုက်များ၏ ရန်သူ (Foe Of Rubbish) အဖွဲ့မှ မေ ၂၁ ရက် ညနေ ၃နာရီကစတင်ပြီး ဂျိတ္တောရပ်ကွက်အဝင်တံတားမှ ဂျိတ္တော(လုံးသာ)လမ်းမကြီးအတိုင်း ဖောင်ဆိပ်ထိကို အမှိုက်ကောက်ခဲ့ကြတာပါ။

ရှေးဟောင်းမြောက်ဦးမြို့က ကျောက်သားအနုပညာလက်ရာများ

သားသျှေလေး 21 May 2017

ရခိုင့်ရှေးဟောင်းအမွေအနှစ် ပုရားပုထိုးစေတီတွေမှာ ကျောက်သားအနုပညာလက်ရာတွေကို လက်ရှိအချိန်ထိ တွေ့မြင်နေရသလို ကျောက်သားတွေကို နိုင်နင်းစွာအသုံးချပြီး အနုပညာလက်ရာမြောက်အောင် ဖန်တီးပုံဖော်မှုတွေကိုလည်း မြောက်ဦးဒေသမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ပင်လယ်နဲ့ထိစပ်တဲ့မြို့နယ်တွေမှာ အရေးပေါ်အတွက် စပိဘုတ်တွေ ၃ စီးနှုန်းထားရှိမည်

21 May 2017

မကြာခဏဆိုသလို သဘာဝဘေးအန္တရာယ်နဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်နဲ့ထိစပ်တဲ့မြို့နယ်တွေကို အရေးပေါ်ကယ်ဆယ်ရေးအမြန်ယာဉ် စပိဘုတ် တစ်မြို့နယ်မှာ ၃ စီးနှုန်းထားရှိသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က DMG ကို ပြောပါတယ်။

အစိုးရနိုင်ငံပိုင်သတင်းစာမှာ ရခိုင်ဘာသာစကားကို ထည့်သွင်းဖော်ပြသွားမယ်

21 May 2017

အစိုးရပိုင် သတင်းစာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ သတင်း၊ ဆောင်းပါးအပါအဝင် ကဣစုံကို ရခိုင်ဘာသာစကားဖြင့်ရေးသားပြီး ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမင်းအောင်က ပြောဆိုလိုက်ပါတယ်။

မောင်တောမြို့မှာ ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံထားရှိတော့မည်

20 May 2017

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေမှာ အာရှနေဝန်း ဆရာတော် ဦးဥတ္တမ ရုပ်ထုနဲ့ ပန်းခြံပြုလုပ်လာကြတာကြောင့် မောင်တောမြို့မှာလည်း ဆရာတော်ရုပ်ထုနဲ့ ပန်းခြံတစ်ခု ဖြစ်ပေါ်လာဖို့ ဒီနေ့ သာသနာ့ဗိမ္မာန်တော်ကြီးမှာ အစည်းအဝေးပြုလုပ်ပြီး ဆွေးနွေးကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် ဂွမြို့နယ်မှာ ကျေးရွာပေါင်း ၃၆ ရွာကို Solar တွေပေး

20 May 2017

ရခိုင်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရတဲ့ ကျေးရွာတွေကို၂၀၃၀ ခုနှစ်အမှီ မြို့ပြနဲ့တစ်ပြိုင်နက်တည်း လျှပ်စစ်မီးရရှိဖို့ဆောင်ရွက်နေတာကြောင့် ဂွမြို့နယ်အတွင်းမှာ လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၃၆ရွာကို ကမ္ဘာ့ဘဏ်အစီအစဉ်နှင့် ဂွမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနဲ့ Earth Renuwable Energy ကုမ္ဗဏီလိမိတက်တို့ ပူပေါင်းပြီး Solar နဲ့

ရခိုင်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ၂ နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့မည်

19 May 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါမယ်။

ကလေးတွေလုံခြုံရေး စိုးရိမ်နေရတယ်ဆိုတဲ့ မြတန်ဆောင်းဘုန်းကြီးကျောင်း

19 May 2017

ရခိုင်ပြည်နယ် မြောက်ဦးမြို့ မြတန်ဆောင်း ဘက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာရှိတဲ့ ကလေးတွေအနေနဲ့ ယခင်တာဝန်ယူထားတဲ့ မြတန်ဆောင်းဆရာတော်ဟာ မတရားအသင်းနဲ့ ဆက်နွယ်တယ်ဆိုတဲ့ ပုဒ်မ ၁၇ (၁) နဲ့ အမှုရင်ဆိုင်နေရပါတယ်။ ဆရာတော်မရှိတဲ့ နောက်ပိုင်းမှာ ပညာသင်ခိုလုံနေကြတဲ့ ကလေးတွေအတွက် ခြိမ်းခြောက်မှုတွေရှိနေပြီး လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းနေတယ်လို့ဆိုပါတယ်။

Showing 341-360 of 413 items.