- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
ပါကစ္စတန်မှာ ရထားတိမ်းမှောက်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံး
ဟာဇရာ ခရီးသည်တင် ရထားသည် နိုင်ငံတောင်ပိုင်း ဆင်းဒ်ခရိုင်ရှိ နာဝါရှာမြို့အနီးတွင် ရှိသော ဆာဟာရဘူတာအနီးတွင် လမ်းချော်ပြီး တိမ်းမှောက်သွားခြင်း ဖြစ်သည်။
07 Aug 2023
ပါကစ္စတန်နိုင်ငံတောင်ပိုင်းတွင် သြဂုတ်လ ၆ ရက်နေ့က ခရီးသည်တင်ရထားတစ်စီး တိမ်းမှောက်ခဲ့သည့်အတွက် လူပေါင်း ၂၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရထားလမ်းဝန်ကြီးဌာနက ပြောကြားသည်။
ဟာဇရာ ခရီးသည်တင် ရထားသည် နိုင်ငံတောင်ပိုင်း ဆင်းဒ်ခရိုင်ရှိ နာဝါရှာမြို့အနီးတွင် ရှိသော ဆာဟာရဘူတာအနီးတွင် လမ်းချော်ပြီး တိမ်းမှောက်သွားခြင်း ဖြစ်သည်။
“လက်ရှိအချိန်အထိ ရရှိထားတဲ့ သတင်းတွေအရ သေဆုံးသူ ၂၈ ဦးရှိပြီး ဒဏ်ရာရသူလည်း အများအပြားရှိပါတယ်” ဟု ရထားလမ်းဝန်ကြီး ခါဝါဂျာ ဆာအဒ်ရာဖစ်က သတင်းထောက်များကို ပြောကြားသည်။
ရထားပေါ်၌ လိုက်ပါသွားသူ ခရီးသည် ၁၀၀၀ ထက်မနည်းရှိကြောင်း ရာဖစ်ကပြောသည်။
လမ်းချော်သွားသည့် ရထားတွဲစုစုပေါင်း ၈ တွဲရှိကြောင်း ရထားလမ်းအရာရှိတစ်ဦးဖြစ်သူ မိုဆင်ဆီယာက ဒေသခံ HUM သတင်းဌာနသို့ ဖြေကြားသည်။
ပါကစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇွန်လကလည်း ဒါဟာကီမြို့အနီး၌ ရထားနှစ်စင်း တိုက်မှုဖြစ်ပြီး လူပေါင်း ၆၅ ဦးထက်မနည်း သေဆုံးကာ ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့သည်။