- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
သြစတြေးလျတွင် ရေကြီးမှုကြောင့် ပိတ်မိနေသူများအား စစ်ရဟတ်ယာဉ်များဖြင့် ကယ်ဆယ်
သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ကမ်းခြေတစ်လျှောက်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသော ပြည်သူများအား အင်္ဂါနေ့၌ စစ်ရဟတ်ယာဉ်များ၊ ရေလွှာလျှောစီးယာဉ်များနှင့် ရော်ဘာလှေများ ဖြန့်ကြက်စေလွှတ်ကာ ကယ်ဆယ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
24 Mar 2021
DMG ၊ မတ် ၂၄
သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ကမ်းခြေတစ်လျှောက်တွင် အကြီးအကျယ် ရေလွှမ်းမိုးမှုကြောင့် ပိတ်မိနေသော ပြည်သူများအား အင်္ဂါနေ့၌ စစ်ရဟတ်ယာဉ်များ၊ ရေလွှာလျှောစီးယာဉ်များနှင့် ရော်ဘာလှေများ ဖြန့်ကြက်စေလွှတ်ကာ ကယ်ဆယ်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သြစတြေးလျ အရှေ့တောင်ပိုင်းရှိ နယူးဆောက်ဝေး ပြည်နယ်တွင် သီတင်းတစ်ပတ်မျှကြာအောင် သည်းထန်စွာ ရွာသွန်းခဲ့သည့် မိုးကြောင့် မြစ်ရေကြီးပြီး ထောင်နှင့်ချီသော နေအိမ်များ၊ လမ်းများ၊ တံတားများနှင့် စိုက်ပျိုးမြေများမှာ ရေလွှမ်းမိုးလျက်ရှိသည်။
သြစတြေးလျ အစိုးရသည် စစ်တပ်၏ ဝေဟင်သုံးယာဉ်များ၊ အပေါ့စား ရောဘာလှေများ အသုံးပြုကာ ဆက်သွယ်ရေး ပြတ်တောက်နေသည့် နေရာများသို့ သွားရောက်ပြီး အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များအား ဆောင်ရွက်လျက်ရှိသည်။
လက်ရှိအချိန်အထိ ဘေးကင်းရာသို့ ကယ်တင်ထားသူ ၈၅၀ ခန့် ရှိနေပြီဖြစ်သည်။ သို့သော် ပြင်းထန်သော ရာသီဥတုသည် ကုန်းတွင်းပိုင်း ဧရိယာများသို့ ဝင်ရောက်နေဆဲ ဖြစ်သဖြင့် နေအိမ်များစွန့်ခွာကာ ရှောင်တိမ်းနေရသူပေါင်း သောင်းချီ ရှိနေဆဲဖြစ်သည်။
နယူးဆောက်ဝေး ပြည်နယ်တစ်ဝန်းတွင် ရေဘေးတိမ်းရှောင်သူ ၁၈၀၀၀ ခန့်ရှိပြီး နောက်ထပ် ၄၈ နာရီအတွင်း အရေးပေါ် ကယ်ဆယ်ရေး လိုအပ်နိုင်သူ ၁၅၀၀၀ ခန့် ရှိနေသေးကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒီဘဲရက်ဂျစ်ကလီယန်က ပြောကြားသည်။
ပြည်နယ်ရှိ အချို့နေရာများ၌ ဒေသခံများသည် အပျက်အစီးများအား စတင်ရှင်းလင်းနေကြပြီ ဖြစ်သည်။ မိုးလေဝသပညာရှင်များကမူ ဗုဒ္ဓဟူးနေ့တွင် မိုးရွာသွန်းမှု အားပျော့သွားနိုင်သော်လည်း ရက်အနည်းငယ် ဆက်လက်ရေကြီးနိုင်သေးကြောင်း သတိပေးထားသည်။
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က ဝါရာဂမ်ဘာရေကာတာသည် နောက်ထပ်တစ်ပတ်ခန့် ဆက်လက်ရေလျှံနေဦးမည်ဟု ယူဆရကြောင်း ပြောထားသည်။