- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
မာဆာအာမီနီ ဆန္ဒပြပွဲများနောက်ကွယ်၌ အမေရိကန်နှင့် အစ္စရေးတို့ရှိနေကြောင်း အီရန်ခေါင်းဆောင် စွပ်စွဲ
အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအာလီခါမေနီက အမေရိကန်နှင့် အစ္စရေးတို့သည် မာဆာအာမီနီ သေဆုံးမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အုံကြွမှုများဖြစ်ပေါ်နေခြင်းတွင် နောက်ကွယ်က လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲပြောကြားလိုက်သည်။
04 Oct 2022

DMG ၊ အောက်တိုဘာ ၄
အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာအာလီခါမေနီက အမေရိကန်နှင့် အစ္စရေးတို့သည် မာဆာအာမီနီ သေဆုံးမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အုံကြွမှုများဖြစ်ပေါ်နေခြင်းတွင် နောက်ကွယ်က လှုံ့ဆော်မှုများ ပြုလုပ်နေကြောင်း စွပ်စွဲပြောကြားလိုက်သည်။
“ဒီအဓိကရုဏ်းတွေနဲ့ မလုံခြုံမှုတွေကို အမေရိကနဲ့ နယ်မြေလု ဇီယွန်ဝါဒအတုအယောင် အစိုးရတို့အပြင် သူတို့ ပိုက်ဆံပေးငှားထားသူတွေက နိုင်ငံပြင်ပက အီရန်သစ္စာဖောက်တွေရဲ့ အကူအညီနဲ့ ကြိုးကိုင်နေကြတာလို့ ကျုပ်ရှင်းရှင်းပဲပြောမယ်”ဟု ခါမေနီက တနင်္လာနေ့တွင် ပြောကြားသည်။
အသက် ၂၂ နှစ်အရွယ် မာဆာအာမီနီသည် အမျိုးသမီးများ ဟာဂျက်ဆောင်းရန် သတ်မှတ်ထားသည့် စည်းကမ်းကို ဖောက်ဖျက်ကြောင်း စွပ်စွဲခံရပြီးနောက် အီရန်စာရိတ္တလုံထိန်းများထံတွင် ဖမ်းဆီးခံခဲ့ရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သူမ သေဆုံးသွားပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက်၌ အီရန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြပွဲများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် “ရာဇဝတ်ကောင်”များကို နှိမ်နင်းရမည်ဖြစ်သလို “ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သူ မည်သူမဆိုသည် လူထုအနေဖြင့် ရာဇဝတ်ကောင်များ၊ လူရမ်းကားများနှင့် သူခိုးများလက်မှ အကာအကွယ်မဲ့သွားအောင် ဆောင်ရွက်နေခြင်းဖြစ်သည်”ဟုလည်း သူကဆိုသည်။
အသက် ၈၃ နှစ်အရွယ် အီရန်ဘာသာရေးခေါင်းဆောင်သည် အာမီနီသေဆုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ် ယခုကဲ့သို့ သူ၏သဘောထားကို ထုတ်ဖော်ပြောကြားလာခြင်းလည်း ဖြစ်သည်။
လက်ရှိအချိန်အထိ အဆိုပါ ဆန္ဒပြပွဲများအတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူအရေအတွက်သည် အနည်းဆုံး ၉၂ ဦးအထိ ရှိနေပြီဖြစ်သည်။