- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
နှစ်ပတ်ကျော် ပျောက်ဆုံးနေသော လေးနှစ်အရွယ်ကလေးငယ်အား ကျန်းမာစွာ ပြန်တွေ့
ပျောက်ဆုံးနေသော လေးနှစ်အရွယ် ကလေးငယ်အား ကျန်းကျန်းမာမာဖြင့် ပြန်လည်တွေ့ရပြီဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
03 Nov 2021
ပျောက်ဆုံးနေသော လေးနှစ်အရွယ် ကလေးငယ်အား ကျန်းကျန်းမာမာဖြင့် ပြန်လည်တွေ့ရပြီဖြစ်ကြောင်း သြစတြေးလျရဲတပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
မိသားစုအပျော်ခရီး ထွက်စဉ် ပျောက်ဆုံးသွားသော မိန်းကလေးအား နှစ်ပတ်ကျော်အကြာမှ ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ကလီယိုစမစ်အား သြစတြေးလျနိုင်ငံ ကာနာဗွန်မြို့ရှိ သော့ခတ်ထားသော နေအိမ်တစ်လုံး၌ ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါနေရာသည် သူမ မပျောက်ဆုံးမီ နောက်ဆုံးတွေ့ရှိခဲ့ရာ နေရာနှင့် အလွန်မဝေးသော နေရာတွင်ရှိကြောင်း သြစတြေးလျ အနောက်ပိုင်းရဲတပ်ဖွဲ့က ဖေ့စ်ဘုတ်တွင် ရေးသားထားသည်။
“ကလေးကိုတွေ့ချိန်မှာ အရာရှိတစ်ယောက်က သူ့ကိုပွေ့ချီပြီး ‘သမီးနာမည် ဘယ်လိုခေါ်လဲ’ လို့မေးတာ ‘သမီးနာမည် ကလီယိုလို့ ခေါ်ပါတယ်’” ဟု ပြန်လည်ဖြေဆိုကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်၍ ကာနာဗွန်မှ အမျိုးသားတစ်ဦးအား စုံစမ်းမေးမြန်းရန် ထိန်းသိမ်းထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
အသက်လေးနှစ်အရွယ် မိန်းကလေး ကလီယိုစမစ်သည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တော် မြောက်ပိုင်း မိုင် ၆၀၀ ကျော်ခန့်အကွာတွင် ရှိသော ခရီးသွားဧရိယာတစ်ခုတွင် အောက်တိုဘာလ ၁၆ ရက်နေ့က ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ သူမကို ရှာတွေ့အောင် သတင်းပေးနိုင်သူအား သြစတြေးလျဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ၇၅၀၀၀၀) ချီးမြှင့်မည်ဟု သြစတြေးလျရဲတပ်ဖွဲ့က ကြေညာခဲ့သည်။
ကလီယိုစမစ်ပျောက်ဆုံးသည့် သတင်းကို သြစတြေးလျ တစ်နိုင်ငံလုံးက သတိပြုမိခဲ့ကြသလို ရဲတပ်ဖွဲ့ကလည်း ရေပြင်၊ မြေပြင်နှင့် ဝေဟင်မှပါ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။