- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့ CDM လှုပ်ရှားမှုအား နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်း
မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရယူမှုအား အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေသော လူထုလှုပ်ရှားမှု တစ်ခုဖြစ်သည့် CDM လှုပ်ရှားမှုအား ၂၀၂၂ ခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်း တင်သွင်းထားကြောင်း နော်ဝေအစိုးရပိုင် NRK သတင်းဌာန၏ ဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
27 Mar 2021

DMG ၊ မတ် ၂၇
မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာရယူမှုအား အကြမ်းမဖက်ဘဲ အာဏာဖီဆန်နေသော လူထုလှုပ်ရှားမှု တစ်ခုဖြစ်သည့် CDM လှုပ်ရှားမှုအား ၂၀၂၂ ခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် အမည်စာရင်း တင်သွင်းထားကြောင်း နော်ဝေအစိုးရပိုင် NRK သတင်းဌာန၏ ဝက်ဘ်ဆိုက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်မှ လူမှုရေးသိပ္ပံပါမောက္ခ ခြောက်ဦး စုပေါင်းပြီး အဆိုတင်သွင်းလိုက်ခြင်း ဖြစ်ကြောင်း NRK သတင်းတွင် ဖော်ပြသည်။
“CDM ကို အားပေးထောက်ခံသူများသည် ဖမ်းဆီးနှိပ်စက်ခံရမည့် ဘေးအန္တရာယ်နှင့် သတ်ဖြတ်ခံရမည့် ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသော်လည်း မိမိတို့လွတ်လပ်မှုအတွက် သပိတ်မှောက်ခြင်း၊ ရုံးမတက်ခြင်း၊ ငြိမ်းချမ်းစွာစုရုံးခြင်း စသည့် အကြမ်းမဖက် ဆန္ဒပြခြင်းနည်းများကိုသာ အသုံးပြုပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျှက်ရှိသည့်အတွက် အဆိုပါ လှုပ်ရှားမှုကို အသိအမှတ်ပြုသည့် အနေဖြင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုအတွက် အမည်စာရင်းတင်သွင်းရခြင်း ဖြစ်ကြောင်း” နိုဘယ်ဆုရွေးချယ်ရေး ကော်မတီသို့ မတ်လ ၂၂ ရက် နေ့စွဲဖြင့် တင်သွင်းလွှာ၌ ဖော်ပြထားသည်။
၂၀၁၁ ခုနှစ်အတွက် နောက်ဆုံးထား စာရင်းပေးသွင်းရမည့် ရက်မှာ ဇန်နဝါရီလ ၃၁ ရက်နေ့ဖြစ်သဖြင့် CDM လှုပ်ရှားမှုအား ၂၀၂၂ ခုနှစ်၏ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အဆိုတင်သွင်းထားခြင်း ဖြစ်သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထိန်းသိမ်းခံလိုက်ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးရရှိခဲ့သူ ဖြစ်သည်။