- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ဆောင်းရာသီမုန်တိုင်းကြောင့် သေဆုံးသူ ၅၀ အထိရှိလာ
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ခရစ္စမတ်သီတင်းပတ်ကာလ အတွင်း တိုက်ခတ်ခဲ့သည့် နှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ၅၀ အထိမြင့်တက်လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။
28 Dec 2022
ဓာတ်ပုံ - AFP
DMG | ဒီဇင်ဘာ ၂၈
အမေရိကန်နိုင်ငံတစ်ဝန်းတွင် ခရစ္စမတ်သီတင်းပတ်ကာလ အတွင်း တိုက်ခတ်ခဲ့သည့် နှင်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက်သည် ၅၀ အထိမြင့်တက်လာပြီ ဖြစ်ကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။
မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရသည့် နယူးယောက်ပြည်နယ် အနောက်ပိုင်း ဘာဖဲလိုးမြို့တွင် နှင်းထုမှာ ရင်ဘတ်အထိ မြင့်တက်လျက်ရှိသလို လျှပ်စစ်မီးပြတ်တောက်မှုများလည်း ရင်ဆိုင်နေရသည်။
“စိတ်မကောင်းစရာကတော့ ရဲတပ်ဖွဲ့က ဒီအရေအတွက်ထက် ပိုမြင့်တက်လာဦးမယ်လို့ ယူဆထားပါတယ်” ဟု ဘာဖဲလိုးမြို့တော်ဝန် ဘိုင်ရွန်ဘရောင်းက တွစ်တာပေါ်တွင် ရေးသားထားသည်။
အအေးဒဏ်အလွန်အမင်း မြင့်တက်လာမှုကြောင့် နေအိမ်မှ တိမ်းရှောင်သူများ၊ အလုပ်အသွားအပြန် သမားများသည် အဝေးပြေးလမ်းများပေါ်၌ ပိတ်မိနေကြပြီး ကယ်ထုတ်ရန်လည်း အဆင်မပြေ ဖြစ်နေကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဘာဖဲလိုးဒေသခံ အသက် ၂၂ အရွယ် အန်ဒယ်တေလာ ဆိုသူ အမျိုးသမီးတစ်ဦးဆိုလျှင် အလုပ်မှပြန်လာစဉ် ပိတ်မိခဲ့ပြီးနောက် ကားအတွင်း၌ပင် သေဆုံးခဲ့ရကြောင်း မိသားစုဝင်များက ပြောကြားသည်။ သူမ ပေးပို့ခဲ့သော ဗီဒီယိုဖိုင်၌ နှင်းထုများသည် ကားပြတင်းပေါက်များအထိ ဖုံးအုပ်နေသည်ကို တွေ့ရသည်။
သူမကို ကယ်တင်ရန် သွားရောက်သူများသည်လည်း လမ်းတွင် ပိတ်မိနေခဲ့ကာ သူမသေဆုံးပြီး ၁၈ နာရီအကြာတွင်မှ ရောက်ရှိခဲ့သည်။
နှင်းမုန်တိုင်း၊ ပြင်းထန်သောလေကြောင်းနှင့် သုညမှတ်အောက် အအေးဒဏ်များကြောင့် အမေရိကန်နိုင်ငံတစ်ဝန်းတွင် ပြီးခဲ့သောရက်ပိုင်း၌ လေယာဉ်ခရီးစဉ် နှစ်သောင်းနီးပါး ဖျက်သိမ်းခဲ့ရသည်။ အင်္ဂါနေ့တွင်လည်း ခရီးစဉ် ၄၇၀၀ ခန့် ဖျက်သိမ်းခဲ့ရကြောင်း Flightaware ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်များအရ သိရသည်။