- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
- မြန်မာနယ်စပ်အနီးထိ ရောက်မည့် မီဇိုရမ် ရထားလမ်းသစ်အတွက် ကွင်းဆင်းလေ့လာမှု ပြီးစီး
ငလျင်ဒဏ်အကူအညီအတွက် မြန်မာသို့ရောက်နေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံရ
မြန်မာနိုင်ငံတွင် ငလျင်စစ်တမ်း ကောက်ယူရန် ရောက်ရှိနေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံလိုက်ရကြောင်း ၎င်းတို့အထဲမှ တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
07 Apr 2025

မြန်မာနိုင်ငံတွင် ငလျင်စစ်တမ်း ကောက်ယူရန် ရောက်ရှိနေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံလိုက်ရကြောင်း ၎င်းတို့အထဲမှ တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
၎င်းတို့ကို အလုပ်ထုတ်လိုက်ပြီဟု ဧပြီလ ၄ ရက်နေ့က အသိပေးကြောင်း အလုပ်ထုတ်ခံရသူများတွင် တစ်ဦး အပါအဝင် ဖြစ်သည့် USAID အရာရှိ မာစီယာဝေါင်က ပြောသည်။
ပြီးခဲ့သော သီတင်းပတ်များအတွင်း သမ္မတထရမ့် အစိုးရအဖွဲ့သည် USAID ဝန်ထမ်း အားလုံးနီးပါးကို အလုပ်ဖြုတ်ခဲ့သည်။ USAID ယန္တရားများ မရှိတော့သည့်အတွက် မြန်မာ့ငလျင်ကို ကူညီရန် နှောင့်နှေးနေသည်ဟူသော ပြောကြားချက်များ ရှိသော်လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကိုရူဘီယိုကမူ အဆိုပါ ပြောကြားချက်များကို ငြင်းပယ်ထားသည်။
လတ်တလောတွင် ငလျင်ဒဏ် ကူညီကယ်ဆယ်ရေးအတွက် USAID က ဆက်သွယ်ခဲ့သူများအပါအဝင် တတိယအဆင့် မိတ်ဖက်အဖွဲ့အစည်းများ (Third Party Implementing Partners) သည်လည်း လုပ်ငန်းရပ်ဆိုင်းသွားပြီဟု မာစီယာဝေါင်က ပြောကြားသည်။
မြန်မာ့ငလျင်အတွက် အမေရိကန်ဒေါ်လာ ၉ သန်းထက်မနည်း ကူညီပေးမည်ဟု သမ္မတဒေါ်နယ်ထရမ့်က ကတိပေးထားသည်။
အမေရိကန်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်တို့ ပူးပေါင်းဖွဲ့စည်းထားသည့် QUAD အဖွဲ့ကလည်း မြန်မာ့ငလျင်အတွက် ဒေါ်လာ သန်း ၂၀ ဖိုးအထိ ကယ်ဆယ်ရေး အကူအညီများ ပေးအပ်မည်ဟု ပြောကြားထားသည်။
မတ်လ ၂၈ ရက်နေ့က အင်အား ၇.၇ မဂ္ဂနီကျု ပြင်းအားဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဧပြီလ ၅ ရက်နေ့အထိ သေဆုံးသူ အရေအတွက်မှာ ၃၄၅၅ ဦးရှိပြီး ဒဏ်ရာရသူ ၄၈၄၀ ဦးအထိ ရှိနေပြီဖြစ်သည်။