- လူသားချင်းစာနာမှု အကျပ်အတည်း အကြီးမားဆုံး ထိပ်တန်း ၅ နိုင်ငံတွင် မြန်မာပါဝင်
- ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား
- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
အမေရိကန်နှင့် တည်ငြိမ်သောဆက်ဆံရေး လိုလားဟု တရုတ်က ထရမ့်ထံ သဝဏ်လွှာပို့
ထရမ့်ထံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးကျေးဇူးများကို ခံစားရကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများသည် နာကျင်ခံစားရမှုများကို ဖြစ်စေကြောင်း ထောက်ပြခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ CCTV က ပြောခဲ့သည်။
07 Nov 2024
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ထံသို့ နိုဝင်ဘာလ ၇ ရက်နေ့တွင် သဝဏ်လွှာပေးပို့ခဲ့ပြီး ဘေကျင်းနှင့် ဝါရှင်တန် တို့အကြားတွင် တည်ငြိမ်သော၊ သန်စွမ်းခိုင်မာသော၊ ရေရှည်တည်တံ့သော ဆက်ဆံရေး ရှိစေရန်အတွက် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည််။
ထရမ့်ထံသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နှင့် တရုတ်တို့၏ ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးကျေးဇူးများကို ခံစားရကြောင်းနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံမှုများသည် နာကျင်ခံစားရမှုများကို ဖြစ်စေကြောင်း ထောက်ပြခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံ CCTV က ပြောခဲ့သည်။
“တည်ငြိမ်တဲ့၊ သန်စွမ်းခိုင်မာတဲ့၊ ရေရှည်တည်တံ့တဲ့ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ နှစ်နိုင်ငံစလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်သလို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မျှော်မှန်းထားမှုတွေနဲ့လည်း ကိုက်ညီပါတယ်”ဟု သမ္မတရှီက ပြောကြားခဲ့သည်။
သမ္မတဟောင်း ဒေါ်နယ်ထရမ့် ဒုတိယသက်တမ်း တက်လာပြီးနောက်ပိုင်း ထရမ့်ထံသို့ ၎င်းဘက်က ပထမဆုံးပေးပို့လိုက်သော သဝဏ်လွှာတွင် တရုတ်ခေါင်းဆောင်က “နှစ်ဦးနှစ်ဘက် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေသော Win-Win ပူးပေါင်းဆောင်ရွက်မှု အခြေခံမူများကို လိုက်နာကြမည်ဟု မျှော်လင့်ထားပါကြောင်း" ပြောကြားခဲ့သည်။
ဝါရှင်တန်နှင့် ဘေဂျင်းတို့သည် "တွေ့ဆုံဆွေးနွေးရေးနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ အားကောင်းလာစေရန်၊ ကွဲပြားမှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲရန်၊ အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန်၊ ယခုခေတ်သစ်ကာလတွင် နှစ်နိုင်ငံစလုံးနှင့် ကမ္ဘာကို အကျိုးဖြစ်ထွန်းစေရန် တရုတ်နှင့် အမေရိကန်တို့ ပေါင်းစည်း၍ သင့်တော်မှန်ကန်သောနည်းလမ်းကို ရှာဖွေရန်" တရုတ်သမ္မတ ရှီကျင့်ဖျင်က တောင်းဆိုသွားခဲ့သည်။
အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲရလဒ်ကို တရုတ်ကလည်း လေးစားမှုရှိကြောင်းနှင့် ထရမ့်ကိုလည်း ၎င်း၏အောင်ပွဲအတွက် ချီးကျူးပါကြောင်း၊ အမေရိကန်၏ သွင်းကုန်ခွန်ဆိုင်ရာ အခွန်စည်းကြပ်မှု ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာသည်ကို နှစ်နိုင်ငံအကြား ကွဲပြားမှုနေများအတွက် လက်တွေ့ဆန်သော ချဉ်းကပ်ဆောင်ရွက်စေလိုကြောင်း တရားဝင်သတင်းစာက တောင်းဆို ရေးသားထားသည်။