- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ကျူးဘားတွင် အမေရိကန်သံရုံး လုပ်ငန်းများ ပြန်လည်စတင်
ဟာဗားနားတွင် ၂၀၁၇ ခုနှစ်က အမေရိကန်သံရုံးဝန်ထမ်းများသည် အမျိုးအမည်မသိသည့် ကျန်းမာရေးနာမကျန်းမှုများ ကြုံတွေ့ခဲ့ရချိန်တည်းက ပိတ်ထားခဲ့သည့် သံရုံးကို ယခုပြန်လည် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်
05 Jan 2023

ဓာတ်ပုံ - AP
DMG ၊ ဇန်နဝါရီ ၅
ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ဖွင့်လှစ်ကာ သံရုံးလုပ်ငန်း ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဟာဗားနားတွင် ၂၀၁၇ ခုနှစ်က အမေရိကန်သံရုံးဝန်ထမ်းများသည် အမျိုးအမည်မသိသည့် ကျန်းမာရေးနာမကျန်းမှုများ ကြုံတွေ့ခဲ့ရချိန်တည်းက ပိတ်ထားခဲ့သည့် သံရုံးကို ယခုပြန်လည် ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။
ပြည်ဝင်ခွင့်ဗီဇာများ စိစစ်မှုကို ယခုသီတင်းပတ်တွင် ပြန်လည်စတင်တော့မည် ဖြစ်ကာ အမေရိကန်တွင် ရှိနေသည့် မိသားစုနှင့် တွေ့ဆုံမည့် ကျူးဘားနိုင်ငံသားများကို ဦးစားပေးသွားမည် ဖြစ်သလို ဗီဇာကံစမ်းမဲ အစီအစဉ်များလည်း ဆောင်ရွက်သွားမည်ဟု သံရုံးက အတည်ပြု ပြောကြားသည်။
အမေရိကန်သည် နှစ်စဉ် ကျူးဘားနိုင်ငံသား ၂ သောင်းစီကို ဗီဇာထုတ်ပေးရန် ခန့်မှန်းထားသော်လည်း ကျူးဘားတွင် စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများ ကြုံနေရသဖြင့် အမေရိကန်သို့ လာရောက်ရန် ကြိုးပမ်းသော ကျူးဘားနိုင်ငံသား ပမာဏနှင့် ယှဉ်လျှင် မဖြစ်စလောက် အရေအတွက်သာရှိကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ကျူးဘားနှင့် အမေရိကန်အကြားတွင် ကာလရှည်ကြာ ဆက်ဆံရေးတင်းမာမှုများ ရှိနေခဲ့သော်လည်း အမေရိကန်သို့ ကျူးဘားနိုင်ငံသားများ ဝင်ရောက်မှု အဆမတန် မြင့်တက်လာနေခြင်းနှင့်အတူ သမ္မတ ဂျိုးဘိုင်ဒန်အစိုးရအဖွဲ့သည် ကျူးဘားအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် ဖိအားပေးခံနေရသည်။
အမေရိကန်အရာရှိများသည် ပြီးခဲ့သော လများအတွင်း ဟာဗားနားသို့ သွားရောက်ကာ လူဝင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗီဇာကိစ္စရပ်များ ပြန်လည်စတင် ဆောင်ရွက်လာခြင်းဖြစ်သည်။ ပြီးခဲ့သောနှစ်များအတွင် သံရုံးလုပ်ငန်းများကို ရပ်ဆိုင်းထားသဖြင့် အမေရိကန်သို့ တရားဝင်သွားရောက်လိုသော ကျူးဘားနိုင်ငံသားများသည် ဂူယာနာကဲ့သို့ ကြားခံနေရာတစ်ခုခုကို အသုံးပြုကာ သွားရောက်ရန် စီစဉ်ခဲ့ရသည်။
အမေရိကန်နှင့် ကျူးဘားအကြား တင်းမာနေသော ဆက်ဆံရေးသည် သံရုံးကိုပိတ်လိုက်ရပြီးနောက် သမ္မတထရမ့်က ကျူးဘားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ချိန်၌ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။